Skip to main content

ငါးလုပ်ငန်းသင်တန်းကျောင်း (ကြို့ကုန်း)၌ ငါးမျိုးစိတ်များ ခွဲခြားအမည်ပေးနည်း သင်တန်းဖွင့်

နေပြည်တော် အောက်တိုဘာ ၇

ငါးလုပ်ငန်းများ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်လာစေရန်၊ ငါးသယံဇာတထိန်းသိမ်းနိုင်စေရန်၊ လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်စေရန်၊ ငါးရိက္ခာဖူလုံစေရန်နှင့် ကျေးလက်ဒေသများ ဖွံ့ဖြိုးတိုးတက်လာစေရန်ရည်ရွယ်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ လမ်းညွှန်မှုဖြင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ငါးလုပ်ငန်းဦးစီးဌာနအောက်ရှိ ငါးလုပ်ငန်း သင်တန်းကျောင်းများသည် ငါးလုပ်ငန်းဆိုင်ရာ အသိပညာပေးသင်တန်းများကို ဖွင့်လှစ်ပို့ချလျက်ရှိရာ ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ် အနောက်ကြို့ကုန်းရှိ ငါးလုပ်ငန်းသင်တန်းကျောင်း (ကြို့ကုန်း) သင်တန်းခန်းမ၌ ငါးမျိုးစိတ်များ ခွဲခြားအမည်ပေးနည်းသင်တန်းကို အောက်တိုဘာ ၇ ရက် နံနက် ၉ နာရီက ဖွင့်လှစ်သည်။

အဆိုပါသင်တန်းတွင် ရန်ကုန်တိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာန ညွှန်ကြားရေးမှူးဦးမြင့်ရွှေက သင်တန်းဖွင့်အမှာစကားပြောကြားပြီး မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူးဦးကြီးငွေက သင်တန်းဖွင့်အမှာစကားပြောကြားကာ ငါးလုပ်ငန်းသင်တန်းကျောင်းမှ ကျောင်းအုပ်ကြီး ဒုတိယညွှန်ကြားရေးမှူး ဦးဝင်းကိုကိုက သင်တန်းဖွင့်လှစ်ရခြင်းရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားသည်။ သင်တန်းတွင် ငါးလုပ်ငန်းဦးစီးဌာနမှဌာနတွင်း ဝန်ထမ်းသင်တန်းသား ၁၀ဦးနှင့် ရန်ကုန်တက္ကသိုလ်နှင့် ဒဂုံတက္ကသိုလ်တို့မှ သင်တန်းသား၁၁ဦး စုစုပေါင်းသင်တန်းသားသင်တန်းသူ ၂၁ ဦး တက်ရောက်ပြီး သင်တန်းကာလမှာသုံးရက်ကြာဖွင့်လှစ်ပို့ချမည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်