Skip to main content

ကျုံပျော်မြို့နယ်၌ မိုးစပါးစိုက်ပျိုးမည့်သမဝါယမတောင်သူများအား သွင်းအားစုများ ပံ့ပိုးထားရှိ

ကျုံပျော် အောက်တိုဘာ ၇

၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေဖြင့် လူမှုစီးပွားမြှင့်တင်ရေး စီမံကိန်းဆောင်ရွက်သည့် ဧရာဝတီတိုင်းဒေသကြီး ကျုံပျော်မြို့နယ် မိုးကြိုးပစ်ကျေးရွာ မိုးပုလဲစိုက်ပျိုးထုတ်လုပ်ရေးသမဝါယမအသင်းမှ အသင်းသား ၃၀ ၏ စိုက်ဧက ၉၀ အတွက် ပံ့ပိုးငွေကျပ် ၁၈ သန်းနှင့်ညီမျှသည့် သွင်းအားစုများ(ပုလဲ)၊ (အာမို) အိတ် ၉၀ နှင့် မြင်းပျံ (ကွန်ပေါင်း) အိတ် ၉၀ တို့အားပံ့ပိုးပေးခဲ့သည်။

အဆိုပါ သမဝါယမအသင်းသားတောင်သူများ၏ လယ်မြေများတွင် မှော်ဘီ (၃) စပါးများစိုက်ပျိုးထားရှိပြီး မိုးစပါးစိုက်ပျိုးရာသီတွင် သွင်းအားစုများ အချိန်မီပံ့ပိုးပေးသဖြင့် မိုးစပါးများ အထွက်နှုန်းပိုမိုကောင်းမွန်နိုင်မည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်