နေပြည်တော် အောက်တိုဘာ ၇
Naypyitaw State Academy မှ ဥပဒေအထူးပြုကျောင်းသားများ ဥပဒေပညာရပ်ဆိုင်ရာ လက်တွေ့လုပ်ငန်းများ လေ့လာသင်ယူနိုင်ရန် ဥပဒေရေးရာဝန်ကြီးဌာနမှ ဥပဒေပညာရှင်များက ဝန်ကြီးဌာန၏ လက်တွေ့လုပ်ငန်းစဉ်များကို ရက်သတ္တခြောက်ပတ်ကြာ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
သင်ကြားပို့ချပေးမည်
အဆိုပါ လက်တွေ့သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ဥပဒေရေးရာဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ကျင်းပရာ ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦးက သင်တန်းသားများကို ဥပဒေရေးရာဝန်ကြီးဌာန ဝန်ကြီးရုံးနှင့်ဦးစီးဌာနလေးခုတို့က လက်တွေ့လုပ်ငန်းများကို ရက်သတ္တခြောက်ပတ်ကြာ သင်ကြား ပို့ချပေးမည်ဖြစ်ကြောင်း၊ ဥပဒေအထူးပြု ကျောင်းသားသင်တန်းသားများအနေဖြင့် ဥပဒေရေးရာဝန်ကြီးဌာန၏ များပြားလှသော လုပ်ငန်းတာဝန်များကို အချိန်တိုအတွင်း လေ့လာရသည့်အတွက် ပြည့်စုံစွာသိရှိနိုင်မည်မဟုတ်သော်လည်း တက္ကသိုလ်မှဘွဲ့ရပြီးပါက တရားသူကြီး၊ ဥပဒေအရာရှိ၊ ရှေ့နေ စသည့်ဥပဒေပညာရှင်အဖြစ် လုပ်ငန်းများဆောင်ရွက်သည့်အခါ သင်တန်းမှရရှိမည့် အတွေ့အကြုံများသည် လက်တွေ့လုပ်ငန်းနယ်ပယ်တွင် များစွာအထောက်အကူပြုမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
တက္ကသိုလ်ဥပဒေအထူးပြုကျောင်းသားများအတွက် ဥပဒေပညာရပ်ဆိုင်ရာ လက်တွေ့သင်တန်းဖွင့်ပွဲအခမ်းအနားသို့ ဥပဒေရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့် ဒုတိယရှေ့နေချုပ်၊ ညွှန်ကြားရေးမှူးချုပ်များနှင့်တာဝန်ရှိသူများ၊ Naypyitaw State Academy၊ ဥပဒေပညာဌာနပါမောက္ခ (ဌာနမှူး) နှင့် တာဝန်ရှိသူများ၊ ဥပဒေအထူးပြုကျောင်းသား သင်တန်းသားများတက်ရောက်ခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်