Skip to main content

အလုပ်သမားဝန်ကြီးဌာန ဒုတိယဝန်ကြီး Good Things Assessment Center ကြည့်ရှုစစ်ဆေး

ရန်ကုန် အောက်တိုဘာ ၇

အလုပ်သမားဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးဝင်းရှိန်သည် တာဝန်ရှိသူများနှင့်အတူ ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်ရှိ Good Things Assessment Cen-ter ကို သွားရောက်ကြည့်ရှု စစ်ဆေးသည်။

ကြည့်ရှုစစ်ဆေးစဉ် စင်တာတာဝန်ခံက Assessment Center တည်ထောင်ဖွင့်လှစ်မှုနှင့် ဂဟေဆက်အလုပ်အကိုင်စစ်ဆေးအကဲဖြတ်မှု လုပ်ငန်းစဉ်များကို ရှင်းလင်းတင်ပြရာ ဒုတိယဝန်ကြီးက Assessment Center တွင် အသုံးပြုမည့် စက်ပစ္စည်းများ ကြံ့ခိုင်မှုရှိရန်နှင့် Assessor များ ကျွမ်းကျင်မှုရှိရေး Chief Assessor ၏ ဦးဆောင်မှုဖြင့် ကျွမ်းကျင်လုပ်သားများ ပိုမိုမွေးထုတ်ပေးရန်မှာကြားပြီး လုပ်သားများအား လေ့ကျင့်သင်ကြားပေးနေမှုကို လှည့်လည်ကြည့်ရှုအားပေးသည်။

ထို့ပြင် ဒုတိယဝန်ကြီးသည် နံနက်ပိုင်းက ကျွမ်းကျင်မှုလေ့ကျင့်ရေးသင်တန်းကျောင်း (ရန်ကင်း)၌ ဖွင့်လှစ်သည့် စားသောက်ဆိုင်ဝန်ဆောင်မှုသင်တန်းအမှတ်စဉ် (၂/၂၀၂၄) သင်တန်းဖွင့်ပွဲသို့ တက်ရောက်အမှာစကားပြောကြားပြီး သင်တန်းသားများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံ အားပေးသည်။

ကျွမ်းကျင်မှု လေ့ကျင့်ရေး သင်တန်းကျောင်း (ရန်ကင်း) ကို ၁၉၇၂ ခုနှစ်တွင် စတင်ဖွင့်လှစ်ခဲ့ပြီး အလုပ်အကိုင်ရှာဖွေနေသူ လူငယ်လူရွယ်များအတွက် ဈေးကွက်လိုအပ်ချက်နှင့်ကိုက်ညီသော အလုပ်အကိုင်များဖြစ်သည့် လျှပ်စစ်သွယ်တန်းတပ်ဆင်ခြင်း၊ ဂဟေဆက်ခြင်း၊ လေအေးပေးစက်တင်ဆင်/ပြုပြင်ခြင်း၊ မော်တော်ယာဉ်စက်ပြင်နှင့် ဆောက်လုပ်ရေးအလုပ်အကိုင်များအတွက် ကျွမ်းကျင်မှုသင်တန်းများကို စဉ်ဆက်မပြတ် ဖွင့်လှစ်ပို့ချပေးလျက်ရှိကြောင်း သတင်းရရှိသည်။

သတင်းစဉ်