Skip to main content

ရေဘေးဒဏ်ခံစားရသော ပြည်သူများအတွက် အလှူရှင်များက အလှူငွေများ လှူဒါန်း

နေပြည်တော် အောက်တိုဘာ ၇

ရေဘေးဒဏ်ခံစားရသော ဒေသများအတွက် ပျဉ်းမနားမြို့ ကန်ဦးကျောင်းတိုက် မဟာစည်သာသနာ့ရိပ်သာ၊ ပဓာနနာယက၊ မဟာကမ္မဋ္ဌာနာ စရိယဘဒ္ဒန္တနန္ဒမာလာက ငွေကျပ်သိန်း ၁၀၀ ပေးအပ်လှူဒါန်းခြင်းအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းက လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဗဟိုဌာန၌ကျင်းပရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းကလက်ခံရယူပြီး ကျေးဇူးတင်စကားလျှောက်ထားကာ ဂုဏ်ပြုမှတ်တမ်းလွှာပြန်လည်ဆက်ကပ်ခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်