Skip to main content

ဧရာဝတီတိုင်း၊ ဖျာပုံခရိုင်၊ အမာမြို့ရှိ ရပ်ကွက်အချို့တွင် သန်းခေါင်စာရင်းကောက်ယူသူများအား ကျွေးမွေးဧည့်ခံရန် ရပ်ကွက်အုပ်ချုပ်ရေး အဖွဲ့များက ငွေကြေးကောက်ခံနေကြောင်း မဟုတ်မမှန် လုပ်ကြံသတင်းအမှားများဖြင့် လှုံ့ဆော်ရေးသားဖြန့်ဝေ

နေပြည်တော် အောက်တိုဘာ ၇

ဧရာဝတီတိုင်း၊ ဖျာပုံခရိုင်၊ အမာမြို့ရှိ ရပ်ကွက်အချို့တွင် သန်းခေါင်စာရင်းကောက်ယူသူများအား ကျွေးမွေးဧည့်ခံရန် ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့များက ငွေကြေးကောက်ခံနေကြောင်း သတင်းတု၊ သတင်းအမှားများကို တရားမဝင်ပြည်ဖျက်မီဒီယာများက ပြည်သူများ အထင်အမြင်လွဲမှားစေရန် လုပ်ကြံရေးသားဝါဒဖြန့်ဝေနေသည်ကိုတွေ့ရှိရသည်။

 အဆိုပါသတင်းနှင့်ပတ်သက်၍ မြို့နယ်အုပ်ချုပ်ရေးဆိုင်ရာ တာဝန်ရှိသူတစ်ဦးအား မေးမြန်းရာတွင် ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကို အမျိုးသားရေး တာဝန်တစ်ရပ်အနေဖြင့် အောင်မြင်အောင် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပြီး အောက်တိုဘာလ ၁ ရက်နေ့မှစတင်ကာ သက်ဆိုင်ရာတာဝန်ရှိ အဖွဲ့များပူးပေါင်း၍ စတင်ကောက်ယူလျက်ရှိကြောင်း၊ ပြည်သူများမှ သန်းခေါင်စာရင်းကောက်ယူခြင်း လုပ်ငန်းစဉ်များကို တက်ကြွစွာပူးပေါင်းပါဝင်ဆောင်ရွက်လျက်ရှိရာ အကြမ်းဖက်အားပေးလူပုဂ္ဂိုလ်၊ အဖွဲ့များမှ မနာလိုမရှုဆိတ်ဖြင့် သန်းခေါင်စာရင်းကောက်ယူလျက်ရှိသော တာဝန်ရှိသူများကို ပြည်သူများက အထင်အမြင်လွဲမှားစေရန်ရည်ရွယ်ကာ မဟုတ်မမှန် သတင်းအမှားများကို လုပ်ကြံရေးသားဖြန့်ဝေနေခြင်းသာဖြစ်ကြောင်း သိရှိရသည်။