Skip to main content

နှစ်(၁၅၀)ပြည့် ကမ္ဘာ့စာပို့တိုက်နေ့ အထိမ်းအမှတ် အထူးထုတ်စာပို့တံဆိပ်ခေါင်းသစ် ရောင်းချပေးမည်

နေပြည်တော် အောက်တိုဘာ ၃

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန မြန်မာ့စာတိုက်လုပ်ငန်းမှ နှစ်(၁၅၀)ပြည့် ကမ္ဘာ့စာပို့တိုက်နေ့(150 YEARS of the UPU) အထိမ်းအမှတ်အဖြစ် (၂၀၀ ကျပ်တန်) အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ်တစ်မျိုးကို အောက်တိုဘာ ၉ ရက် မြန်မာသက္ကရာဇ် ၁၃၈၆ ခုနှစ် သီတင်းကျွတ်လဆန်း ၇ ရက် (ဗုဒ္ဓဟူးနေ့) နံနက် ၉ နာရီခွဲမှ စတင်၍ နေပြည်တော်ဗဟိုစာတိုက်ကြီး၊ ရန်ကုန်စာတိုက်ကြီး၊ မန္တလေးစာတိုက်ကြီးတို့နှင့် တိုင်းဒေသကြီး/ ပြည်နယ်များရှိ စာတိုက်ကြီးများတွင် တစ်ပြိုင်တည်း ရောင်းချပေးသွားမည်ဖြစ်သည်။

အထူးအစီအစဉ် တစ်ရပ်အနေဖြင့် နေပြည်တော်ဗဟိုစာတိုက်ကြီး၊ ရန်ကုန်စာတိုက်ကြီးနှင့် မန္တလေးစာတိုက်ကြီးတို့၌ အောက်တိုဘာ ၉ ရက် (ဗုဒ္ဓဟူးနေ့) တွင် ဝယ်ယူသော စာပို့တံဆိပ်ခေါင်းများပေါ်တွင် နေ့စွဲအမှတ်အသားတံဆိပ် ရိုက်နှိပ်ပေးသွားမည်ဖြစ်သည်။

သတင်းစဉ်