Skip to main content

တာချီလိတ်မြို့နယ်၊ လွယ်တော်ခမ်းကျေးရွာရှိ မယ်ဆိုင်ချောင်းကူးတံတား ချောင်းရေဖြင့် မျောပါပျက်စီးခဲ့မှုအား ကြည့်ရှုစစ်ဆေး

နေပြည်တော် အောက်တိုဘာ

ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ တာချီလိတ်မြို့နယ်အတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မယ်ဆိုင်ချောင်းရေမြင့်တက်လာပြီး လွယ်တော်ခမ်းကျေးရွာရှိ အရှည် ၁၀၀ ပေ၊ အကျယ် ၁၅ ပေရှိ မယ်ဆိုင်ချောင်းကူး သံဘောင်ဘေလီတံတားသည် ရေစီးနှင့်မျောပါပျက်စီးသွားခဲ့ရသည်။

 တံတားပျက်စီးခဲ့သည့်နေရာ၌ ယခုအခါ ယာယီတံတားဆောက်လုပ်ထားရှိ၍ မော်တော်ဆိုင်ကယ်နှင့် လူများဖြတ်သန်းသွားလာနိုင်ရန် ဆောင်ရွက်ထားရှိပြီးဖြစ်ကာ တံတားအသစ်အား အမြန်ဆုံးပြန်လည်တည်ဆောက်နိုင်ရေး ဆောင်ရွက်လျက်ရှိသည်။

 အဆိုပါ မယ်ဆိုင်ချောင်းကူးတံတား ပျက်စီးခဲ့သည့်နေရာအား အောက်တိုဘာ ၁ ရက်တွင် တြိဂံဒေသတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ်စိုးလှိုင်နှင့်တာဝန်ရှိသူများက သွားရောက်ကြည့်ရှုပြီး တာဝန်ရှိသူများ၏ တင်ပြချက်များပေါ် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။