၂ဝ၂၄ခုနှစ်၊ အောက်တိုဘာလ (၁) ရက်
၁။ မိမိတို့ ဖက်ဒရယ်ဒီမိုကရက်တစ်ပါတီသည် နိုင်ငံရေးပြဿနာအား နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန်မူကို လက်ခံထားပါသည်။ မိမိတို့နိုင်ငံသည် လွတ်လပ်ရေးရပြီးသည်မှ ယနေ့ထိတိုင်းပြည်တစ်ဝန်းတွင် ယမ်းငွေ့များဝေလျက်ရှိပါသည်။ တိုင်းပြည်ငြိမ်းချမ်းမှသာ နိုင်ငံတိုးတက်မည်ဖြစ်သောကြောင့် တိုင်းပြည်ငြိမ်းချမ်းရေးကို ရှေးရှုလျက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၂၆ ရက်နေ့တွင် နိုင်ငံရေးပြဿနာအား နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် ကမ်းလှမ်းဖိတ်ခေါ်ခြင်း ပြုလုပ်ခဲ့ပါသည်။
၂။ မိမိတို့နိုင်ငံသည် ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုကို တည်ဆောက်ရမည်ဖြစ်ပါသည်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ချမှတ်ထားသည့် ရှေ့လုပ်ငန်းစဉ်(၅)ရပ်၌ လွတ်လပ်ပြီးတရားမျှတသော ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကျင်းပ၍ ထွက်ပေါ်လာသည့်အစိုးရအား နိုင်ငံတော်အာဏာလွှဲအပ်ရန် ဆောင်ရွက်နေသော်လည်း အကြမ်းဖက်လက်နက်ကိုင်အဖွဲ့အစည်းများသည် နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းဖြင့် မဖြေရှင်းဘဲ အကြမ်းဖက်နည်းနှင့် ဆောင်ရွက်နေသောကြောင့် အပြစ်မဲ့ရဟန်းများ၊ ဝန်ထမ်းများ၊ ပြည်သူများသည် အသက်ဆုံးရှုံးရပြီး နေရပ်စွန့်ခွာတိမ်းရှောင်နေရသည်မှာလည်း ပြည်သူများ အသိပင်ဖြစ်သည်။ ဤကဲ့သို့ အကြမ်းဖက်နှင့်လက်နက်ကိုင် အဖွဲ့အစည်းများ၏ လုပ်ရပ်များကို ပြည်သူများမှ လိုလားမည်မဟုတ်ပါ။