Skip to main content

ဒုတိယဝန်ကြီး ဦးအောင်ကျော်ထွန်း ပြည်တွင်းရေကြောင်း ပို့ဆောင်ရေး ဒလသင်္ဘောကျင်းသို့ သွားရောက်ကြည့်ရှုစစ်ဆေး

ရန်ကုန် စက်တင်ဘာ ၂၇

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ကျော်ထွန်းသည် စက်တင် ဘာ ၂၅ ရက် မွန်းလွဲပိုင်းက ပြည်တွင်း ရေကြောင်းပို့ဆောင်ရေး ဒလသင်္ဘောကျင်းသို့ရောက်ရှိရာ ပြည်တွင်းရေကြောင်း ပို့ဆောင်ရေးဦးဆောင်ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများက ဒလသင်္ဘောကျင်း၏ လက်ရှိလုပ်ငန်းဆောင်ရွက်နေမှု၊ ဆက်လက်အကောင်အထည် ဖော်ဆောင်ရွက်သွားမည့်အခြေအနေနှင့် ဒလသင်္ဘောကျင်းအထိမ်း အမှတ်အခမ်းအနားကျင်းပနိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ဆောင် ရွက်လျက်ရှိသည့် အခြေအနေ များကို ရှင်းလင်းတင်ပြကြသည်။

တင်ပြချက်များအပေါ် ဒုတိယဝန်ကြီးက လုပ်ငန်းဆောင်ရွက်မှု များနှင့်ပတ်သက်၍ တာဝန်ရှိသူအဆင့်ဆင့်က အနီးကပ်ကြီးကြပ်ဆောင်ရွက်ပြီး လုပ်ငန်းလျာထားချက်အတိုင်း အချိန်မီဆောင်ရွက်ပြီးနိုင်ရေး အလေးထားဆောင်ရွက်သွားကြရန်၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ဝန်ထမ်းများအနေဖြင့် ပေးအပ်ထားသည့် ရည်မှန်းချက် တာဝန်များကို အောင်မြင်အောင် ကြိုးပမ်းဆောင်ရွက်ပြီး နိုင်ငံတော်ကချမှတ်ထားသည့် မူဝါဒများ၊ အမိန့်နှင့် ညွှန်ကြားချက်များအပေါ် တိကျစွာ အကောင်အထည်ဖော်ဆောင်ရွက်ရန်နှင့် လိုက်နာမှုမရှိသူများကို ဝန်ထမ်းစည်းမျဉ်းစည်းကမ်းနှင့်အညီ အရေးယူနိုင်ရေးဆောင်ရွက် ရန်တို့ကို မှာကြားသည်။

ထို့နောက် ဒုတိယဝန်ကြီးသည် ဒလသင်္ဘောကျင်းရှိ ရေယာဉ်ပြင်ဆင်နေမှု၊ စက်ရုံ၊ အလုပ်ရုံ၊ လွန်းလမ်းများ၊ စတိုအဆောက် အအုံအတွင်းပစ္စည်းများ သိမ်းဆည်းထားသိုမှုနှင့် ဒလသင်္ဘောကျင်း အထိမ်းအမှတ်အခမ်းအနား ကျင်းပနိုင်ရေးအတွက် ပြင်ဆင်ဆောင်ရွက်နေမှု၊ ဒလသင်္ဘောကျင်းရှိ ဝန်ထမ်းအိမ်ရာတည်ဆောက်နေမှုအခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များမှာကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်