နေပြည်တော် စက်တင်ဘာ ၂၇
ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေသည် မြန်မာနိုင်ငံဆိုင်ရာ သီရိလင်္ကာသံအမတ်ကြီး မစ္စစ်ပွန်နမ်ပီရူးမားအာရာချ်ချီဂီ ပရာဘာရှီနီ ပွန်နမ်ပီရူးမားကို ယနေ့နံနက် ၁၀ နာရီခွဲတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။
အမြင်ချင်းဖလှယ်ဆွေးနွေး
တွေ့ဆုံစဉ် မြန်မာ - သီရိလင်္ကာနှစ်နိုင်ငံအကြား ရှိရင်းစွဲချစ်ကြည်ရင်းနှီးသောဆက်ဆံရေးကို ပိုမိုခိုင်မာအောင်ဆောင်ရွက်ရေးနှင့် စီးပွားရေး၊ ကောင်စစ်၊ အိုင်တီနည်းပညာ၊ စိုက်ပျိုးရေးနှင့် သာသနာရေးဆိုင်ရာ ကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်နိုင်ရေးကိစ္စရပ်များအပေါ် ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြသည်။
သတင်းစဉ်