Skip to main content

ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း မြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ်နိုင်ငံသံအမတ်ကြီးအား လက်ခံတွေ့ဆုံ

နေပြည်တော် စက်တင်ဘာ ၂၆

ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းသည် မြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ သံအမတ်ကြီး H.E. Dr. Md.Monwar Hossain အား ယနေ့မွန်းလွဲပိုင်းတွင် ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။

ဆွေးနွေး

တွေ့ဆုံစဉ် အပြန်အလှန်လေးစားမှုတို့ဖြင့် နှစ်နိုင်ငံကျန်းမာရေးကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုပိုမို မြှင့်တင်ရေး၊ နှစ်နိုင်ငံဆေးတက္ကသိုလ်များအကြား ပူးပေါင်းဆောင်ရွက်ရေး၊ ကျန်းမာရေးဝန်ကြီးဌာနနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ပညာရှင်များအကြား ဆွေးနွေးပွဲများ၊ နှီးနှောဖလှယ်ပွဲများကျင်းပ၍ ပညာရပ်ဆိုင်ရာ အတွေ့အကြုံများဖလှယ်ရေး၊ ကျန်းမာရေးဝန်ကြီးဌာနက ဦးဆောင်၍ နိုင်ငံတကာအဖွဲ့အစည်းများ၊ ပြည်တွင်းအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် ရောဂါကာကွယ်ထိန်းချုပ် ကုသခြင်းလုပ်ငန်းများနှင့် ရောဂါစောင့်ကြည့်ခြင်း လုပ်ငန်းဆိုင်ရာကိစ္စရပ်များကို ချစ်ကြည်ရင်းနှီးစွာ အမြင်ချင်းဖလှယ်ဆွေးနွေးကြသည်။

တက်ရောက်

တွေ့ဆုံပွဲသို့ ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့် ညွှန်ကြားရေးမှူးချုပ်များ၊ ဆေးတက္ကသိုလ် (၁) ပါမောက္ခချုပ်နှင့် တာဝန်ရှိသူများ တက်ရောက်ကြကြောင်း သိရသည်။

သတင်းစဉ်