Skip to main content

ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင် မြန်မာနိုင်ငံဆိုင်ရာ သီရိလင်္ကာနိုင်ငံသံအမတ်ကြီး H.E. Mrs. Prabashini Ponnamperuma အား လက်ခံတွေ့ဆုံ

နေပြည်တော် စက်တင်ဘာ ၂၆

သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်သည် မြန်မာနိုင်ငံဆိုင်ရာ သီရိလင်္ကာနိုင်ငံသံအမတ်ကြီး H.E. Mrs. Prabashini Ponnamperuma အား ယနေ့မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရုံးအမှတ်(၃၁) သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

အမြင်ချင်းဖလှယ်ဆွေးနွေး

တွေ့ဆုံစဉ် ဘာသာ၊ သာသနာရေးနှင့်ယဉ်ကျေးမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများကို တိုးမြှင့်ဆောင်ရွက်ရေး၊ သီရိလင်္ကာနိုင်ငံ ဗုဒ္ဓစွယ်တော်တိုက်၊ ဗုဒ္ဓသာသနာဆိုင်ရာ အထင်ကရနေရာများသို့ ဘုရားဖူးသွားရောက်ကြသည့် ဘုရားဖူးပြည်သူများအတွက် ပြည်ဝင်ဗီဇာအဆင်ပြေမှုရှိစေရန် ကူညီဆောင်ရွက်ပေးရေး၊ နှစ်နိုင်ငံအကြား ဘုရား၊ စေတီတော်များ ဖူးမြော်ကြည်ညိုခြင်းဆိုင်ရာများ၊ ဗုဒ္ဓတက္ကသိုလ်များအကြား ကူးလူးဆက်ဆံမှုတိုးမြှင့်ဆောင်ရွက်သွားရေးကိစ္စရပ်များနှင့်စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်