နေပြည်တော် စက်တင်ဘာ ၂၆
လွိုင်ကော်မြို့ ရေဘေးကူညီထောက်ပံ့သည့် ပစ္စည်းများကို ထိန်းချုပ်ထားကြောင်း တရားမဝင် ပြည်ဖျက်မီဒီယာများက သတင်းအမှားများ မဟုတ်မမှန်ရေးသားဖြန့်ဝေလျက်ရှိကြောင်း တွေ့ရှိရသည်။
အဆိုပါသတင်းနှင့် ပတ်သက်၍ လွိုင်ကော်မြို့ရေဘေးကူညီ ထောက်ပံ့ရေးလုပ်ငန်းစဉ်များကို လွိုက်ကော်မြို့ရှိ တာဝန်ရှိသူများက စနစ်တကျဆောင်ရွက်လျက်ရှိကြောင်း၊ သက်ဆိုင်ရာ တာဝန်ရှိသူများ၊ အရပ်ဘက်အဖွဲ့အစည်းများနှင့် လူမှုရေးအဖွဲ့အစည်းများဖြင့် ပူးပေါင်းဆောင်ရွက်လျက် ရှိကြောင်း၊ စေတနာရှင်/ အလှူရှင်များက လှူဒါန်းသည့် ထောက်ပံ့ရေးပစ္စည်းများကို အမှန်တကယ် လိုအပ်လျက်ရှိသည့် ရေဘေးသင့်ပြည်သူများထံသို့ နည်းလမ်းမျိုးစုံဖြင့် ပေးပို့လျက်ရှိကြောင်းနှင့် တရားမဝင် ပြည်ဖျက်မီဒီယာများက ထိုသို့ရေဘေးကူညီကယ်ဆယ်ရေး ဆောင်ရွက်ပေးနေမှုများကို ပြည်သူများက အထင်အမြင်လွဲမှားစေရန် ရည်ရွယ်ချက်ရှိရှိ လုပ်ကြံရေးသားပြီး ဝါဒဖြန့်နေကြောင်း၊ လွိုင်ကော်မြို့ ရေဘေးကူညီထောက်ပံ့ရေးလုပ်ငန်းများ ဆောင်ရွက်နေသည့် တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရှိရသည်။
သတင်းစဉ်