Skip to main content

ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း ရုရှားနိုင်ငံ ချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်မှုအသင်းဒုတိယဥက္ကဋ္ဌနှင့်အဖွဲ့အား လက်ခံတွေ့ဆုံ

နေပြည်တော် စက်တင်ဘာ ၂၅

ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းသည် ရုရှားနိုင်ငံချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်မှုအသင်း (Russian Associa-tion for Friendship and Cooperation - RAFC) ၏ ဒုတိယဥက္ကဋ္ဌ Mr. Alexander OSTROVSKIY ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ယနေ့မွန်းတည့် ၁၂ နာရီတွင် နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။

တွေ့ဆုံစဉ် ရုရှား-မြန်မာနှစ်နိုင်ငံ မီဒီယာကဏ္ဍပူးပေါင်းဆောင်ရွက်ရေး၊ ရုပ်မြင်သံကြားဇာတ်လမ်းတွဲများ နှစ်နိုင်ငံပူးပေါင်းစီစဉ် ရိုက်ကူးထုတ်လွှင့်ရေး၊ ယဉ်ကျေးမှုအပြန်အလှန်ဖလှယ်ရေး၊ ခရီးသွားကဏ္ဍပိုမိုမြှင့်တင်နိုင်ရေးနှင့် နှစ်နိုင်ငံပြည်သူများအကြား ဆက်သွယ်ဆက်ဆံမှုပိုမိုကောင်းမွန်အောင် ဆောင်ရွက်သွားနိုင်ရေးတို့နှင့်စပ်လျဉ်း၍ ရင်းရင်းနှီးနှီးဆွေးနွေးခဲ့ကြသည်။

တွေ့ဆုံပွဲသို့ ဒုတိယဝန်ကြီး ဦးရဲတင့်၊ အမြဲတမ်းအတွင်းဝန် ဦးဝင်းကျော်အောင်၊ ဌာနဆိုင်ရာအကြီးအကဲများ တက်ရောက်ကြသည်။

သတင်းစဉ်