Skip to main content

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ ပုဗ္ဗသီရိမြို့နယ်၊ မင်္ဂလာဒီပရပ်ကွက်ရှိ သီရိမင်္ဂလာပတ္တာကျောင်းတိုက်တွင် ရေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့ငွေနှင့် ထောက်ပံ့ရေးပစ္စည်းများ လှူဒါန်း

ပုဗ္ဗသီရိ စက်တင်ဘာ ၂၅

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် ယမန်နေ့နံနက်ပိုင်းက လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း၊  နေပြည်တော်ကောင်စီအဖွဲ့ဝင် ဗိုလ်မှူးကြီး ရဲမိုး၊ ဦးဇေယျာလင်း၊ ဦးမြင့်စိုး၊ ဦးမင်းဦး၊ ဦးဟန်သူ၊ ​မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့နာယက ဒေါက်တာသီတာဇင်နှင့် အဖွဲ့ဝင်များ၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန (ရင်းနှီးစီးပွား)၊ နိုင်ငံခြားစီးပွားဆက်သွယ်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်မို့မို့လှိုင်၊ ခရိုင်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများလိုက်ပါလျက် ပုဗ္ဗသီရိမြို့နယ်၊ မင်္ဂလာဒီပရပ်ကွက်ရှိ သီရိမင်္ဂလာပတ္တာကျောင်းတိုက်တွင် ရေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့ငွေနှင့် ထောက်ပံ့ရေးပစ္စည်းများ သွားရောက်ပေးအပ်လှူဒါန်းခဲ့သည်။

အဆိုပါ ထောက်ပံ့ငွေနှင့် ထောက်ပံ့ရေးပစ္စည်းများ ပေးအပ်လှူဒါန်းရာတွင် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း၊ နေပြည်တော်ကောင်စီအဖွဲ့ဝင်တို့သည် ရေဘေးသင့်သေဆုံးသူ(၁၁)ဦးအတွက် ထောက်ပံ့ငွေ(၁၁၀)သိန်း၊ ရေဘေးကြောင့်ပျက်စီးသွားသည့် နေအိမ်များအတွက် အိမ်ထောင်စု (၉၉)စုအား ပစ္စည်း(၁၆)မျိုးပါ ကယ်ဆယ်ရေးပစ္စည်းပုံး(၉၉)လုံးနှင့် Save The Children Myanmar(INGO) မှ ထောက်ပံ့လှူဒါန်းသည့် ပစ္စည်း(၂၂)မျိုးပါ ကယ်ဆယ်​ရေးပစ္စည်း ပီနံအိတ် (၁၇၈)လုံးတို့အား ရေဘေးသင့်သေဆုံးသူများ၏ မိသားစုဝင်များ၊ ရေဘေးသင့်ပြည်သူများထံ  ပေးအပ်လှူဒါန်းခဲ့ပြီး ပြည်သူများနှင့် တွေ့ဆုံကာ အားပေးစကားပြောကြားခဲ့ကြောင်း သိရသည်။

သန်းသန်းနွယ်(ပုဗ္ဗ)