ကလော စက်တင်ဘာ ၂၅
ရှမ်းပြည်နယ်၊ ကလောမြို့တွင် မိုးသည်းထန်စွာရွာသွန်းပြီး တောင်ကျရေများစီးဆင်းမှုကြောင့် ၂၀၂၄ ခုနှစ် စက်တင်ဘာလ ၁၀ ရက်နေ့မှ ၁၂ ရက်နေ့အထိ ရေကြီးရေလျှံမှုများ ဖြစ်ပွားခဲ့သည့် ရပ်ကွက်များသို့ စက်တင်ဘာလ ၂၃ ရက်နေ့ နံနက် ၉ နာရီက ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများနှင့် ပြိုကျ၊ ပျက်စီးမှုအခြေအနေများအား တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။
ထိုသို့ ကွင်းဆင်းကြည့်ရှုရာတွင် ကလောတပ်နယ်မှူး ဗိုလ်ချုပ် ကျော်ကျော်ဟန်၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးမြင့်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ခေတ္တဥက္ကဋ္ဌ ဦးလင်းဇော်ထွေးနှင့် အဖွဲ့ဝင်များက ကလောမြို့ ပျံကျစျေးရောင်းချနေမှုအခြေအနေများ၊ ရေနှစ်မြုပ်ခဲ့သည့် ရပ်ကွက်(၄)၊ ရပ်ကွက်(၂)၊ တပ်မ(၅၅) ဆက်သွယ်ရေးတပ်တို့တွင် တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ဒေသခံပြည်သူများပူးပေါင်း၍ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှုအခြေအနေများ၊ ရပ်ကွက်(၁)တွင် မိုးအဆက်မပျက်ရွာသွန်းမှုကြောင့် မြေပြိုကျသည့် အခြေအနေများအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရှိရသည်။
မြို့နယ်(ပြန်/ဆက်)