နေပြည်တော် စက်တင်ဘာ ၂၄
မြန်မာနိုင်ငံ၌ ချစ်ကြည်ရေးအလုပ်သဘောခရီးစဉ်ဖြင့် ရောက်ရှိနေသော ယူနန်ပြည်နယ် ဒုတိယအုပ်ချုပ်ရေးမှူး Mr. Liu Yong ခေါင်းဆောင်သောအဖွဲ့ဝင် ခြောက်ဦးပါအဖွဲ့သည် မြန်မာ - တရုတ် ချစ်ကြည်ရေးအသင်း (ဗဟို) ဥက္ကဋ္ဌ ဦးတင်ဦး၊ နာယက၊ ဒုဥက္ကဋ္ဌ၊ အမှုဆောင်များနှင့် ယနေ့ မွန်းတည့် ၁၂ နာရီတွင် ဆီဒိုးနားဟိုတယ်၌ လာရောက်တွေ့ဆုံသည်။
တွေ့ဆုံစဉ် ယူနန်ပြည်နယ်နှင့် မြန်မာနိုင်ငံတို့အကြား ချစ်ကြည်ရင်းနှီးမှုနှင့် ယုံကြည်မှုတိုးမြှင့်တည်ဆောက်ရေး၊ အေးအတူပူအမျှ ငြိမ်းချမ်းစွာအတူတကွယှဉ်တွဲနေထိုင်ရေး၊ နှစ်နိုင်ငံပြည်သူချင်းဆက်ဆံရေးကဏ္ဍ တိုးမြှင့်ဖော်ဆောင်ရေးနှင့် နှစ်နိုင်ငံအကျိုးစီးပွားကို အလေးထားဖော်ဆောင်ရေးတို့ကို ဆွေးနွေးကြသည်။ ထို့နောက် မြန်မာ - တရုတ် ချစ်ကြည်ရေးအသင်းက ဧည့်သည်တော်များအား ဒဂုံခန်းမ၌ နေ့လယ်စာနှင့် တည်ခင်းဧည့်ခံခဲ့ကြောင်း သိရသည်။
သတင်းစဉ်