Skip to main content

ညောင်ရွှေမြို့နယ်ရှိ ရေဘေးသင့်ပြည်သူများအား လူသုံးကုန်ပစ္စည်းများ လှူဒါန်း

တောင်ကြီး စက်တင်ဘာ ၂၃

ရှမ်းပြည်နယ် (တောင်ပိုင်းနှင့်အရှေ့ပိုင်း) သမဝါယမအသင်းစုချုပ်၊ တောင်ကြီးမြို့နယ် သမဝါယမအသင်းစုနှင့် ရွှေမြို့မသမဝါယမအသင်းတို့ ပူးပေါင်း၍ ညောင်ရွှေမြို့နယ် အင်းလေးဒေသရှိ နမ့်ပန်ကျေးရွာ၊ အင်းပေါခုံရွာနှင့် မိုင်းသောက်အင်းရွာတို့ရှိ ရေဘေးသင့်သမဝါယမအသင်းသားများနှင့်  ပြည်သူများအား လူသုံးကုန်ပစ္စည်းများနှင့် စားသောက်ကုန်ပစ္စည်းများ ထောက်ပံ့လှူဒါန်းခြင်းကို အသင်းအမှုဆောင်များက အဆိုပါကျေးရွာများသို့ သွားရောက်၍ လှူဒါန်းခဲ့သည်။

လှူဒါန်း

အဆိုပါ လှူဒါန်းမှုတွင် ရှမ်းပြည်နယ်(တောင်ပိုင်းနှင့် အရှေ့ပိုင်း)သမဝါယမအသင်းစုချုပ်က ငွေကျပ် သိန်း ၅၀၊ တောင်ကြီးမြို့နယ် သမဝါယမအသင်းစုက ငွေကျပ်သိန်း ၅၀၊ ရွှေမြို့မ သမဝါယမအသင်းက ငွေကျပ်ငါးသိန်းနှင့် စေတနာရှင်များက ငွေကျပ် ၆ ဒသမ ၇၅ သိန်း၊ စုစုပေါင်းတန်ဖိုး ငွေကျပ် ၁၁၁ ဒသမ ၇၅ သိန်းနှင့် ဆန်၊ ဆီ၊ ဆေး၊ သောက်ရေသန့်ကတ် ၂၄၀ လှူဒါန်းခဲ့ကြောင်း သိရသည်။

သတင်းစဉ်