Skip to main content

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး တပ်ကုန်းမြို့နယ်တွင် ရေကြီးရေလျှံမှုများဖြစ်ပေါ်ခဲ့သည့် နေရာများ၌ လမ်း၊ တံတားများ အမြန်ဆုံးပြုပြင်ဆောင်ရွက်နိုင်ရေး ကြည့်ရှုစစ်ဆေးခြင်းနှင့် ရေဘေးသင့်ပြည်သူများအား စားသောက်ဖွယ်ရာနှင့် ထောက်ပံ့ငွေများ ပေးအပ်လှူဒါန်း

နေပြည်တော် စက်တင်ဘာ ၁၉

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်း၊ နေပြည်တော်အဆင့်ဌာနဆိုင်ရာများ၊ ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့များ လိုက်ပါလျက် ယမန်နေ့ မွန်းလွဲပိုင်းတွင် ရေကြီးရေလျှံမှုကြောင့် တပ်ကုန်းမြို့နယ်၊ အမှတ်(၂) ခရိုင်ချင်းဆက်လမ်းပေါ်ရှိ ညောင်ကိုင်း‌ချောင်း ဘေလီတံတား ပေ ၃၀၀ ပျက်စီးခဲ့မှုအခြေအနေအား ကြည့်ရှုစစ်ဆေးပြီး နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက တာဝန်ရှိသူများအား လိုအပ်သည်များ မှာကြားခဲ့သည်။

ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့် အဖွဲ့သည် တပ်ကုန်းမြို့နယ်၊ သစ်ဆိမ့်ပင်ကျေးရွာ၊ ကြွက်တောကျေးရွာ၊ နတ်စင်ကျေးရွာတို့မှ ရေဘေးသင့်ပြည်သူများအတွက် စားသောက်ဖွယ်ရာများနှင့် ထောက်ပံ့ငွေများ ပေးအပ်ခဲ့ပြီး ကျေးရွာအတွင်း ရေဝင်ရောက်ခဲ့မှုနှင့် လယ်ငယ်ချောင်း ရေမြင့်တက်ခဲ့မှုအခြေအနေများအား ကြည့်ရှုစစ်ဆေးခဲ့ပြီး လမ်းများအမြန်းဆုံး ကောင်းမွန်စေရေး ဆောင်ရွက်သွားရန် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက တာဝန်ရှိသူများအား မှာကြားခဲ့သည်။

ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့် အဖွဲ့သည် တပ်ကုန်းမြို့၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း အမြန်ဆုံးပြန်လည်ဖွင့်လှစ်သင်ကြားနိုင်ရေးအတွက် ကျောင်းအတွင်း နုန်းမြေများ ဖယ်ရှားရှင်းလင်းခြင်းနှင့် မြေနိမ့်ပိုင်းနေရာများအား မြေဖို့ခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးပြီး နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက လိုအပ်သည်များကို တာဝန်ရှိသူများအား မှာကြားခဲ့ကြောင်း သိရသည်။

အေးလင်းထွန်း(ပြန်/ဆက်)