Skip to main content

နေပြည်တော်ကောင်စီဝင် ဦးမင်းဦး၊ ပုဗ္ဗသီရိမြို့နယ်တွင် မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ရေတွင်မျောပါသေဆုံးသူ(၆)ဦးနှင့် နေအိမ်(၇၅)လုံးတို့အတွက် ပစ္စည်း(၁၆)မျိုးပါ ကယ်ဆယ်‌ရေးပစ္စည်းပုံးများနှင့်ထောက်ပံ့ငွေများ ပေးအပ်လှူဒါန်း

ပုဗ္ဗသီရိ စက်တင်ဘာ ၁၉

နေပြည်တော်ကောင်စီဝင် ဦးမင်းဦးနှင့် တာဝန်ရှိသူတို့သည် ယမန်နေ့နံနက်ပိုင်းက နေပြည်တော် ဥတ္တရခရိုင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဇော်မိုးလွင်နှင့် ဝန်ထမ်းများ၊ ပုဗ္ဗသီရိမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိန်ကြည်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ လိုက်ပါလျက် မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် မျောပါသွားသည့် သေဆုံးသူ(၆)ဦးနှင့် နေအိမ်(၇၅)လုံးတို့အတွက် ပစ္စည်း(၁၆)မျိုးပါ ကယ်ဆယ်‌ရေးပစ္စည်းပုံးများနှင့် ထောက်ပံ့ငွေများ ပေးအပ်လှူဒါန်းခြင်းအား ကြည့်ရှုအားပေးခဲ့သည်။

နေပြည်တော်ကောင်စီဝင် ဦးမင်းဦး၊ နေပြည်တော် ဥတ္တရခရိုင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဇော်မိုးလွင်နှင့် ဝန်ထမ်းများ၊ ပုဗ္ဗသီရိမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိန်ကြည်နှင့်အဖွဲ့ဝင်များသည် ပုဗ္ဗသီရိမြို့နယ်၊ ရပ်ကွက်/ကျေးရွာအုပ်စုများတွင် ‌မိုးများအဆက်မပြတ်ရွာသွန်းမှုကြောင့် မျောပါသွားသည့် နေအိမ်များဖြစ်သည့် အောင်ပန်ကျေးရွာ၊ ကုလားရွာ၊ သစ်ယာကုန်းကျေးရွာ၊ သရက်သမိန်ကျေးရွာ၊ ရွာတော်ကျေးရွာ၊ စက်ကုန်းကျေးရွာ၊ ကြံပိုစုကျေးရွာ၊ ဝက်ကုန်းကျေးရွာ၊ ဥယျာဥ်ကျေးရွာနှင့် ဆင်တဲကြီးကျေးရွာတို့အတွက် တစ်အိမ်ထောင်လျှင် ငွေကျပ်တစ်သိန်းနှုန်းနှင့် ပစ္စည်း(၁၆)မျိုးပါ ကယ်ဆယ်‌ရေးပစ္စည်းပုံး တစ်ပုံးထောက်ပံ့ခဲ့ရာ၊ နေအိမ်(၇၅)လုံးအတွက် ငွေကျပ်(၇၅)သိန်းနှင့် ပစ္စည်းပုံး(၇၅)ပုံးအားလည်းကောင်း၊ ရေတွင်မျောပါသေဆုံးခဲ့သည့် သေဆုံးသူများအတွက် တစ်ဦးလျှင်(၃)သိန်းနှုန်းဖြင့် သေဆုံးသူခြောက်ဦးအတွက် ငွေကျပ်(၁၈)သိန်းအားလည်းကောင်း ပေးအပ်ခဲ့ပြီး ပြည်သူများနှင့်တွေ့ဆုံကာ အားပေးစကား ပြောကြားခဲ့ကြောင်း သိရသည်။

သန်းသန်းနွယ်(ပုဗ္ဗ)