Skip to main content

နေပြည်တော်ရှိ ရေဘေးကယ်ဆယ်ရေးစခန်းများသို့ ကူညီထောက်ပံ့ရေးပစ္စည်းများ၊ အဝတ်အထည်များနှင့် စားသောက်ဖွယ်ရာများ ပေးအပ်လှူဒါန်း

နေပြည်တော် စက်တင်ဘာ ၁၈

နေပြည်တော်ရှိ ရေဘေးကယ်ဆယ်ရေးစခန်းများသို့ ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့ (ဗဟို) မှဦးဆောင်၍ ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့ (နေပြည်တော်) နှင့် ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေးအဖွဲ့ (ရန်ကုန်တိုင်းဒေသကြီး) တို့ပူးပေါင်းမှုဖြင့် နေပြည်တော်ရှိ ရေဘေးကယ်ဆယ်ရေးစခန်းများသို့ စက်တင်ဘာ ၁၇ ရက်နံနက်ပိုင်းက ကူညီထောက်ပံ့ရေးပစ္စည်းများ၊ အဝတ်အထည်များနှင့် စားသောက်ဖွယ်ရာများ ပေးအပ်လှူဒါန်းသည်။

ပေးအပ်လှူဒါန်း

နေပြည်တော်ရှိ ရေဘေးသင့်ပြည်သူများအား ကူညီထောက်ပံ့ရာတွင် နေပြည်တော်ပျဉ်းမနားမြို့ရှိ မင်္ဂလာဗျူဟာသာသနာ့ဗိမာန် ရေဘေးကယ်ဆယ်ရေးစခန်း၊ သုခစိုးဓမ္မာရုံ ရေဘေးကယ်ဆယ်ရေးစခန်း၊ အုန်းတောဘုန်းကြီးကျောင်း ရေဘေးကယ်ဆယ်ရေးစခန်း၊ လယ်တီဓမ္မာရုံ ရေဘေးကယ်ဆယ်ရေးစခန်းနှင့် ဘိုးမင်းခေါင်နတ်နန်း ရေဘေးကယ်ဆယ်ရေးစခန်းတို့သို့ ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့ (ဗဟို) ဥက္ကဋ္ဌ ဦးဝဏ္ဏ၊ ဒုတိယဥက္ကဋ္ဌများဖြစ်ကြသည့် ဦးဇော်ဇော်နိုင် (ဟိန္ဒူဘာသာ)၊ ဦးသောမတ်စ် (ခရစ်ယာန်ဘာသာ)၊ ဗဟိုအထောက်အကူပြု အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ခင်မြသွေး၊ ဘဏ္ဍာရေးမှူး ဦးလှကြူနှင့် ဗဟိုအလုပ်အမှုဆောင်များ၊ ဘာသာပေါင်းစုံချစ်ကြည် ညီညွတ်ရေးအဖွဲ့ (ရန်ကုန်တိုင်းဒေသကြီး) မှ ဒုတိယဥက္ကဋ္ဌများ ဖြစ်ကြသည့် ဦးဝင်းမြင့် (ဗုဒ္ဓဘာသာ)၊ ဦးခင်မောင်မောင်ဇော် (အစ္စလာမ်ဘာသာ)၊ တိုင်းအတွင်းရေးမှူး ဦးရွှေမောင် (အစ္စလာမ်ဘာသာ) နှင့် တိုင်းအလုပ်အမှုဆောင်များ၊ ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေးအဖွဲ့ (နေပြည်တော်) မှ အထွေထွေအတွင်းရေးမှူး ဒေါက်တာမင်းမင်းကျော်၊ အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်စန်းစန်းမော်၊ အတွင်းရေးမှူး ဒေါ်ဝတ်မှုံနှင့် အလုပ်အမှုဆောင်အဖွဲ့ဝင်များ၊ မရမ်းကုန်းခရိုင်ဥက္ကဋ္ဌ ဦးမျိုးဇေယျာနှင့် စေတနာရှင်အလှူရှင်များ၊ ပရဟိတအဖွဲ့များက ပေးအပ်လှူဒါန်းရာ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုးနှင့် တာဝန်ရှိသူများက လက်ခံရယူကြသည်။

နေပြည်တော်ရှိ ရေဘေးသင့်ပြည်သူများအပြင် ကျောက်ဆည်နှင့် တောင်ငူဒေသရှိ ရေဘေးသင့် ပြည်သူများသို့လည်း ကူညီထောက်ပံ့ခဲ့ပြီး ငွေကျပ်သိန်း ၁၅၀ အပါအဝင် အဝတ်အထည်များနှင့် စားသောက်ဖွယ်ရာများ စုစုပေါင်းတန်ဖိုး ကျပ်သိန်းပေါင်း ၁၁၀၀ ထောက်ပံ့ ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

သတင်းစဉ်