Skip to main content

ပြန်ကြားရေးဝန်ကြီးဌာန ဝန်ထမ်းမိသားစုများက ရေဘေးသင့်ပြည်သူများအား စားသောက်ဖွယ်ရာများ လှူဒါန်းပေးအပ်

နေပြည်တော် စက်တင်ဘာ ၁၇

ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်း မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ခဲ့သည့်ဒေသများမှ ပျဉ်းမနားမြို့ သုခစိုးဟိုတယ်ဝင်းအတွင်းရှိ ဘိုးဘွားရိပ်သာနှင့် အုန်းတောပရိယတ္တိစာသင်တိုက်များတွင် ခေတ္တနေထိုင်လျက်ရှိသည့် ရေဘေးသင့်ပြည်သူများအား ပြန်ကြားရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးဝင်းကျော်အောင်နှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံဟာသပညာရှင်များအစည်းအရုံး (ဗဟို) မှ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ နေပြည်တော် အခရာလက်ဖက်ရည်ဆိုင်မှ တာဝန်ရှိသူများက ယနေ့နံနက်ပိုင်းတွင် စားသောက်ဖွယ်ရာများ သွားရောက်လှူဒါန်းပေးအပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ သုခစိုးဟိုတယ်ဝင်းအတွင်းရှိ ဘိုးဘွားရိပ်သာ၌ ရေဘေးသင့်ပြည်သူ ၄၀၀ ဦးအား စားသောက်ဖွယ်ရာများ ပေးအပ်လှူဒါန်းပြီးနောက် အုန်းတောပရိယတ္တိစာသင်တိုက်အတွင်းရှိ ရေဘေးသင့်ပြည်သူ ၆၀၀ ဦးအား စားသောက်ဖွယ်ရာများ လှူဒါန်းပေးအပ်ခဲ့သည်။

ထို့နောက် လှူဒါန်းပွဲတွင် မြန်မာနိုင်ငံဟာသပညာရှင်များအစည်းအရုံး (ဗဟို) ဥက္ကဋ္ဌ၊ ဟာသပညာရှင် ဒိန်းဒေါင်၊ ဟာသပညာရှင် အကယ်ဒမီအုန်းသီးနှင့် အဖွဲ့က ရေဘေးသင့်ပြည်သူများအား ထောက်ပံ့ငွေများ ပေးအပ်ပြီး အားပေးစကားပြောကြားခဲ့ကြကြောင်း သိရသည်။

အောင်သူ