Skip to main content

တောင်သာမြို့နယ် ပြဿဒ်ကြီးရွာကို တပ်မတော်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက် ခြင်းကြောင့် စေတီတော်များ ပျက်စီးခဲ့ကြောင်း မဟုတ်မမှန်သတင်းများ ဖြန့်ဝေလျက်ရှိ

နေပြည်တော် စက်တင်ဘာ ၁၆

မန္တလေးတိုင်း ဒေသကြီးတောင်သာမြို့နယ် ပြဿဒ်ကြီးရွာဘုရားကြီးကျောင်းကို တပ်မတော်ကလေကြောင်းဖြင့် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဗုံးကြဲတိုက်ခိုက်ခြင်းကြောင့် စေတီတော်များ ပျက်စီးခဲ့သည်ဟု တရားမဝင်ပြည်ဖျက်မီဒီယာများက မဟုတ်မမှန်ရေးသားဖြန့်ဝေနေသည်ကို တွေ့ရှိရသည်။

အဆိုပါ သတင်းနှင့်ပတ်သက်၍ သက်ဆိုင်ရာတာဝန်ရှိသူနှင့် ဒေသခံပြည်သူများ၏ ပြောကြားချက်အရ ၎င်းသတင်းမှာ မှန်ကန်မှုမရှိကြောင်း၊ တပ်မတော်အနေဖြင့် အကြမ်းဖက်မှုချေမှုန်းရေးစစ်ဆင်ရေး (Counter - Terrorism Operation) ကို ဆောင်ရွက်နေသည့်ကာလအတွင်း တည်ငြိမ်အေးချမ်းမှုကိုလိုလားသည့် ဒေသခံပြည်သူလူထု၏ သတင်းပေးပို့မှုဖြင့် အကြမ်းဖက်သောင်းကျန်းသူများ ခိုအောင်းနေထိုင်သည့် နေရာများကိုသာပစ်မှတ်ထား၍ အကြမ်းဖက်မှုနှိမ်နင်းရေးကို ထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက်လျက်ရှိကြောင်း၊ အကြမ်းဖက်သမားများကသာ ဗုဒ္ဓဘာသာဝင်များ အထွတ်အမြတ်ထား ကိုးကွယ်ယုံကြည်သည့် ဘုရား၊ စေတီ၊ ပုထိုးများအား ဘတ်ဟိုးများဖြင့် ဖြိုချဖျက်ဆီးခြင်း၊ ဘုရား၊ စေတီ၊ ပုထိုးများကို အကာအကွယ်ရယူကာ တိုက်ပွဲများဖော်ဆောင်နေခြင်းနှင့် Drop Bomb များ ကြဲချတိုက်ခိုက်ခြင်းများ ကျူးလွန်လျက်ရှိသည်ကို ပြည်သူများအသိပင်ဖြစ်ကြာင်း၊ ယခုဖြစ်စဉ်နှင့်ပတ်သက်၍လည်း အကြမ်းဖက်အားပေး ပြည်ဖျက်မီဒီယာများက ဘာသာရေးနှင့်ပတ်သက်၍ အကြမ်းဖက်သမားများ၏ လုပ်ရပ်များကို ဖုံးကွယ်ပေးရန်နှင့် တပ်မတော်အပေါ် ပြည်သူလူထုက အထင်အမြင်လွဲမှားစေရန် မဟုတ်မမှန်ရေးသားဖြန့်ဝေနေခြင်းသာဖြစ်ကြောင်း သတင်းရရှိသည်။        

သတင်းစဉ်