Skip to main content

နေပြည်တော်ကောင်စီဥက္ကဋ္ဌ မြို့တော်ဝန်ဦးသန်းထွန်းဦး မိုးသည်းထန်စွာရွာသွန်း၍ ရေတိုက်စားမှုကြောင့် နေပြည်တော်အတွင်းရှိလမ်း၊ တံတားများပျက်စီးနေမှု ကွင်းဆင်းကြည့်ရှုစစ်ဆေး

နေပြည်တော် စက်တင်ဘာ ၁၆

နေပြည်တော်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ မြို့တော်ဝန်ဦးသန်းထွန်းဦးသည် ကော်မတီဝင်များ၊ သက်ဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် မိုးသည်းထန်စွာရွာသွန်း၍ ရေတိုက်စားမှုကြောင့် ပြည်စံအောင်မှ စစ်မှုထမ်းမြို့ကွက်သစ်ကို ဆက်သွယ်သော ဥယျာဉ်ဆင်သေချောင်းကူး တံတားချဉ်းကပ်လမ်းနှင့် ပုဗ္ဗသီရိမြို့နယ် ဇီးကုန်းကျေးရွာနှင့် ဇေယျာသီရိမြို့နယ် လေသာကျေးရွာသို့ ဆက်သွယ်ထားသည့် လေသာ-ဇီးကုန်းတံတား ချဉ်းကပ်လမ်းများပျက်စီးနေမှုနှင့် မြေထိန်းနံရံများ ပြိုကျပျက်စီးမှုအခြေအနေများကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။

ထို့နောက် ပုဗ္ဗသီရိမြို့ သိုက်ချောင်းလမ်းတစ်လျှောက် တင်ကျန်နေသည့် နုန်းများ၊ သစ်ပင် သစ်ကိုင်းများ၊ အမှိုက်သရိုက်များကို ရှင်းလင်းဖယ်ရှားပြီး သန့်ရှင်းရေးဆောင်ရွက်နေကြသည့် တပ်မတော်သားများကို စားသောက်ဖွယ်ရာများနှင့် သောက်ရေသန့်များဝေငှပေး၍ ခါးပြတ်ရွာနှင့် ကျည်တောင်ကန်ဆက်သွယ်သည့် ကျည်တောင်ကန်ခါးပြတ်လမ်းပေါ်ရှိ Box Culvert လက်ရမ်းများ၊ လမ်းပခုံးများ ရေတိုက်စားမှုကြောင့် ပျက်စီးမှုအခြေအနေကို ကြည့်ရှုစစ်ဆေးကာ လုပ်ငန်းလိုအပ်ချက်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်