Skip to main content

တောင်တရုတ်ပင်လယ်တွင်ဖြစ်ပွားသော ရာဂီတိုင်ဖွန်းမုန်တိုင်း၏ သက်ရောက်မှုကြောင့် ရေဘေးဒဏ်ခံစားရသည့်ဒေသများအတွက် အလှူရှင်များက အလှူငွေများ လှူဒါန်း

နေပြည်တော် စက်တင်ဘာ ၁၆

တောင်တရုတ်ပင်လယ်တွင်ဖြစ်ပွားခဲ့သော ရာဂီတိုင်ဖွန်းမုန်တိုင်း၏ သက်ရောက်မှုကြောင့် ရေဘေးဒဏ်ခံစားရသည့်ဒေသများအတွက် အလှူငွေပေးအပ်လှူဒါန်းပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ကျင်းပရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းက အလှူငွေများလက်ခံရယူပြီး ကျေးဇူးတင်စကားပြန်လည်ပြောကြားကာ ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်သည်။

အခမ်းအနားတွင် ဗိုလ်ချုပ်ဌေးနိုင် (ငြိမ်း) - ဒေါ်ဥမ္မာမြင့် မိသားစုမှ ငွေကျပ် သိန်း ၅၀ ၊ မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်မှ ငွေကျပ်သိန်း ၄၀၀ ၊ ဧရာဝတီဖောင်ဒေးရှင်းမှ ငွေကျပ်သိန်း ၁၀၀၀၊ ဒေါက်တာဘုန်းမြင့် (White Hope Mental Hospital၊ Kyaing Tong Paradise Hotel) မှ ငွေကျပ်သိန်း ၁၀၀၊ ဦးဇော်မင်း - ဒေါ်ကျော့ကျော့စံ၊ သား - စိုပြေ မင်းစံ၊ သော်ညီမင်းစံ (မိသားစု)မှ ငွေကျပ်သိန်း ၁၀၀၊ ဦးဇော်ဝင်း - ဒေါ်နွေးနွေးဝင်း (မိသားစု)မှ ငွေကျပ် သိန်း ၅၀ ၊ Royal Myanmar Nay Pyi Taw Golf Club မှ ငွေကျပ်သိန်း ၅၀ ၊ ကျွန်ုပ်တို့တတ်စွမ်းနိုင်သလောက် လူမှုကူညီရေးအသင်း (AS BEST WE CAN) မှ ငွေကျပ် ၁၀ သိန်း စုစုပေါင်းငွေကျပ်သိန်း ၁၇၆၀ တိတိ လှူဒါန်းခဲ့ကြသည်။

ထို့ပြင် ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး၊ သံရုံးဝန်ထမ်းများနှင့်မိသားစုဝင်များ၊ ထိုင်းနိုင်ငံရှိကုမ္ပဏီများ၊ ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသား အလုပ်သမားများ၊ စေတနာရှင်များက စုပေါင်းလှူဒါန်းမှု ဆန်အိတ် ၅၀၀၊ နိုင်ငံခြားရေးဝန်ကြီးဌာနမှ ဆန်အိတ် ၁၀၀ နှင့် ကိုသီဟ နေပြည်တော်မှ ငွေကျပ်သိန်း ၃၀ တန်ဖိုးရှိ ရေသန့်ဘူး ၆၀၀၀၊ အေးသုခမြို့ဦး ကျောင်းဆရာတော် ဦးပညာစက္ကဦးဆောင်၍ အလှူရှင်များ(ပဲခူးတိုင်း) က ငွေကျပ်သိန်း ၇၀ ၊ ဆန် ၁၀ အိတ်နှင့် လူသုံးကုန်ပစ္စည်း ၅၈ အိတ်တို့ကို လာရောက်လှူဒါန်းခဲ့သည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး ဝန်ကြီးဌာန (၁)မှ ပြည်ထောင်စုဝန်ကြီးဗိုလ်ချုပ်ကြီး မိုးအောင်နှင့် ဇနီးဒေါက်တာ ဒေါ်အေးခိုင်ညွန့် မိသားစုမှ ပင်လောင်းကားလမ်းမကြီးတစ်လျှောက် ပြည်သူ့အကျိုးပြုလုပ်ငန်းဆောင်ရွက်လျက်ရှိသော ကြည်း၊ ရေ၊ လေ အရာရှိ၊ စစ်သည်များ၊ ရဲတပ်ဖွဲ့ဝင်၊ မီးသတ်တပ်ဖွဲ့ဝင် စုစုပေါင်းအင်အား ၂၅၀နှင့် သိုက်ချောင်းလမ်းဆုံမှ ပုဗ္ဗသီရိမြို့ပတ်လမ်း တစ်လျှောက်ပြည်သူ့အကျိုးပြုလုပ်ငန်းဆောင်ရွက်လျက်ရှိသော ကြည်း၊ ရေ၊ လေ အရာရှိ၊ စစ်သည်များ၊ ရဲတပ်ဖွဲ့ဝင်၊ မီးသတ်တပ်ဖွဲ့ဝင်စုစုပေါင်း အင်အား ၂၀၀ တို့အတွက် နံနက်စာသကြားပလာတာဘူး ၄၅၀ နှင့် နေ့လယ်စာထမင်းဘူး ၄၅၀၊ အေလာမြို့ အေလာတိဏ္ဏဘုန်းတော်ကြီးကျောင်းရှိ ရေဘေးသင့် ပြည်သူ ၃၀၀ နှင့် ဇေယျသိမ် ဘုန်းတော်ကြီးကျောင်းရှိ ရေဘေးသင့်ပြည်သူ ၁၅၀ တို့အတွက် ထမင်းဘူး ၄၅၀၊ မာမီး မွန်းစတား အသင့်စားခေါက်ဆွဲထုပ် ၃၆၀၀၊ မာမီးခေါက်ဆွဲထုပ် ၁၀၈၀ ၊ အအေးဘူး ၁၅၆ ဘူး၊ Vigo အသင့်စားကွေကာအထုပ် ၁၄၄၀ တို့ကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှတစ်ဆင့် လှူဒါန်းပေးအပ်ခဲ့သည်။

ထို့အတူ SKYNET Media ရွှေသံလွင်ကုမ္ပဏီ မိသားစုမှ ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်းရှိ ရေဘေးသင့်ပြည်သူများအတွက် စက်တင်ဘာ ၁၄ ရက်မှစ၍ နေ့စဉ်ထမင်းဘူး ၁၀၀၀၀ ကို နေပြည်တော်ကောင်စီသို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှတစ်ဆင့် လှူဒါန်းပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်