Skip to main content

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးများ သာစည်မြို့နယ်ရေဘေးသင့် ပြည်သူများအား ဆန်၊ရေ၊ရိက္ခာထောက်ပံ့ပြီး လမ်းပျက်စီးနေမှုများကြည့်ရှုစစ်ဆေး

သာစည် စက်တင်ဘာ ၁၄

မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ်ရေဘေးသင်ပြည်သူများအား တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဆန်၊ရေ၊ရိက္ခာထောက်ပံ့ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့ နေ့လယ် ၁ နာရီ ၅၀ မိနစ်ခန့်က ကြာဘက်ကုန်းကျေးရွာ အောင်ရတနာဧး ဘုန်းတော်ကြီးကျောင်းတိုက်၌ ကျင်းပပြုလုပ်ကြောင်းသိရသည်။

ရှေးဦးစွာ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် သယံဇာတရေးရာဝန်ကြီး ဦးရွှေဇင်နှင့် လမ်းပန်း ဆက်သွယ်ရေး ဝန်ကြီးဦးအောင်ဇော်ဦးတို့က ကျောင်းထိုင်ဆရာတော်ထံ လှူဖွယ်ပစ္စည်းများနှင့် ဆေးခြင်းများ ဆပ်ကပ်လှူဒါန်းသည်။ ထို့နောက် ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားပြုလုပ်ရာ ဝန်ကြီးများက ရေဘေးသင့်ပြည်သူ ၇၁၆ ဦးအတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ထောက်ပံ့ ပေးအပ်သည့် သုံရက်စာ ဆန် ၂၄ ပြည်အိတ် ၂၃ အိတ်၊ ရေသန့်တစ်လီတာဘူး ၅၀၀ ဘူး၊ ခေါက်ဆွဲခြောက်နှင့် မုန့်များထောက်ပံ့ပေးအပ်သည်။

ဆက်လက်ပြီး ဝန်ကြီးများက ပြည်သူများ၏တင်ပြချက် များအပေါ် သက်ဆိုင်ရာ ဌာနတာဝန်ရှိသူများနှင့်ပေါင်းစပ်ညှိနှိုင်းပေးပြီး အားပေးစကားများ ပြောကြားသည်။ အခမ်းအနားသို့ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ မိတ္ထီလာခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်ဇော်ဦးနှင့် အဖွဲ့ဝင်များ၊ ခရိုင်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမျိုးသက်ကျော်နှင့်အဖွဲ့ဝင်များ၊မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများနှင့်ကျေးရွာအုပ်စု ၅ စုမှ ရေဘေးသင့် ပြည်သူ  ၄၀၀ ဦးခန့်တက်ရောက်ခဲ့ကြောင်းသိရသည်။

ထို့နောက် ဝန်ကြီးများနှင့်အဖွဲ့သည် မိတ္ထီလာ-တောင်ကြီးကားလမ်း လှိုင်းတက်ကျေးရွာအနီး မိုင်တိုင်အမှတ် (၂၁/၀)မှ(၂၁/၇)တွင် လမ်းပျက်စီးနေမှုများကိုကြည့်ရှုစစ်ဆေးပြီးကျွဲတပ်ဆုံကျေးရွာရှိ တောင်ပေါ်ဒေသလမ်း ဆောက်လုပ်ရေးကုမ္ပဏီမိတ္ထီလာ-တောင်ကြီးလမ်းစီမံကိန်း(၃၁)မိုင် ရှေ့တန်း စခန်း၌ ကုမ္ပဏီတာဝန်ရှိသူများနှင့်တွေ့ဆုံ ၍လမ်းပျက်စီးမှု အခြေအနေများနှင့် လမ်းကြံ့ခိုင်ရေးအတွက်ပြုပြင်ဆောင်ရွက်နေခြင်းတို့တင်ပြမှုအပေါ် လိုအပ်သည် များမှာကြားသည်။

ဆက်လက်၍ ဝန်ကြီးများနှင့်အဖွဲ့သည် ကြပ်စခန်းကျေးရွာအနီး မြစ်ဆုံကွေ့ မိတ္ထီလာ-တောင်ကြီး ကားလမ်း မိုင်တိုင်အမှတ်(၄၄/၆)မှ(၄၇/၀)ရေတိုက်စားမှုကြောင့် လမ်းပျက်စီးနေမှုအခြေအနေများ၊ မိတ္ထီလာ-တောင်ကြီး ကားလမ်းမိုင်တိုင်အမှတ်(၄၃/၇)မှ(၄၄/၀)တွင် ပြည်ညောင်တံတား ချဉ်းကပ်လမ်း ပျက်စီးနေမှုများအားကြည့်ရှုစစ်ဆေး ခဲ့ပြီး တာဝန်ရှိသူများအား လိုအပ်သည်များမှာကြားခဲ့ကြောင်းသိရသည်။

မြို့နယ်ပြန်/ဆက်