ရာဂီမုန်တိုင်းဒဏ်ကြောင့် မိုးသည်းထန်စွာရွာသွန်းပြီး မြစ်ရေကြီးသည့်အတွက် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ခဲ့သဖြင့် ရေဘေးသင့်ဒေသများရှိ မိုဘိုင်းဖုန်းသုံးစွဲသူ ပြည်သူများအဆင်ပြေချောမွေ့စေရန် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT) မိုဘိုင်းဖုန်းအချင်းချင်း အခမဲ့ဖုန်းပြောဆိုခွင့်မိနစ် (၇၀၀) နှင့် အခမဲ့စာတိုပေးပို့ခွင့်အစောင်(၇၀၀)၊ အက်တမ်မြန်မာလီမိတက် (ATOM) မိုဘိုင်းဖုန်းအချင်းချင်း အခမဲ့ဖုန်းပြောဆိုခွင့် မိနစ်(၅၀၀)နှင့်အခမဲ့စာတိုပေးပို့ခွင့် အစောင်(၅၀၀)၊ အော်ရီဒူးမြန်မာလီမိတက် (Ooredoo) မိုဘိုင်းဖုန်းအချင်းချင်း အခမဲ့ဖုန်းပြောဆိုခွင့်အကန့်အသတ်မဲ့နှင့် အခမဲ့စာတိုပေးပို့ခွင့် အကန့်အသတ်မဲ့၊ တယ်လီကွန်းအင်တာနေရှင်နယ် မြန်မာကုမ္ပဏီလီမိတက်(MYTEL) မိုဘိုင်းဖုန်း အချင်းချင်းအခမဲ့ဖုန်းပြောဆိုခွင့် မိနစ်(၁၀၀၀)နှင့် အခမဲ့စာတိုပေးပို့ခွင့် အစောင်(၁၀၀၀)တို့အား ၁၃-၉-၂၀၂၄ ရက်မှစတင်၍ (၇)ရက်အထိ အသုံးပြုခွင့်ကို မိုဘိုင်းဆက်သွယ်ရေးအော်ပရေတာများက ပေးအပ်လှူဒါန်းသွားမည်ဖြစ်သည်။
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန