အင်္ဂပူ စက်တင်ဘာ ၁၃
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ အင်္ဂပူမြို့နယ်တွင် ယနေ့နံနက်ပိုင်းက ကညင်ချောင်းရေမြင့်တက်လာမှုကြောင့် ဟင်္သာတ-မြန်အောင် ကားလမ်းပေါ်တွင် ရေကျော်မှု ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ကညင်ချောင်းရေမြင့်တက်မှုကြောင့် အင်္ဂပူမြို့နယ်၊ မဲဇလီကုန်းမြို့၊ အမှတ် (၄)ရပ်ကွက်၊ ဟင်္သာတ-မြန်အောင်ကားလမ်းမကြီး မိုင်တိုင်(၃၅/၇)မှ (၃၆/၁)ကြားတွင် ပေတစ်ရာခန့် ကားလမ်းပေါ်သို့ ရေကျော်စီးဆင်းလျက်ရှိကြောင်း၊ မြို့နယ်လမ်းဦးစီးဌာနမှ ယာဉ်များသွားလာမှု မပြတ်တောက်စေရေးအတွက် သတိပေးဆိုင်းဘုတ်များ၊ ရေကြောင်းပြအလံများ စိုက်ထူ ထားရှိကြောင်း သိရသည်။
မန်းကျော်(ပြန်/ဆက်)