Skip to main content

ကရင်ပြည်နယ်၊ ဘားအံမြို့တွင် မိုးအဆက်မပြတ်ရွာသွန်းခဲ့၍ သံလွင်မြစ်ရေ မြင့်တက်မှုကြောင့် ပြည်သူ(၂၀၇၁)ကျော် ရေဘေးလွတ်ရာများသို့ ပြောင်းရွှေ့နေရာချထားပေး

ဘားအံ  စက်တင်ဘာ ၁၃

ကရင်ပြည်နယ်၊ ဘားအံမြို့တွင်  မိုးများအဆက်မပြတ်ရွာသွန်းပြီး  သံလွင်မြစ်ရေ လျှံတက်မှုများကြောင့် စိုးရိမ်ရေအမှတ် (၇၅၀)စင်တီမီတာအထက်ကျော်လွန်ပြီး (၉၂၂) စင်တီမီတာသို့ရောက်ရှိခဲ့ရာ မြေနိမ့်ပိုင်းရပ်ကွက်များနှင့် လူနေအိမ်များသို့ ရေဝင်ရောက်လျက်ရှိကြောင်း သိရသည်။

ဘားအံမြို့နယ်အနေဖြင့် သံလွင်မြစ်ရေသည် ဘားအံမြို့၏ စိုးရိမ်ရေအမှတ် အထက် ၉၂၂ စင်တီမီတာသို့ ကျော်လွန်ကာရောက်ရှိနေပြီးဖြစ်၍ ပြည်သူများရေဘေးလွတ်ရာသို့  ပြောင်းရွှေ့နိုင်ရေးအတွက် တပ်မတော်သားများ၊ ခရိုင်၊ မြို့နယ်သဘာဝဘေး စီမံခန့်ခွဲမှု ကော်မတီအဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းများက ရေဘေးသင့် အိမ်ထောင်စု (၄၇၅)စု၊ အမျိုးသား(၉၈၉) ဦး၊ အမျိုးသမီး (၁၀၈၂) ဦး စုစုပေါင်း (၂၀၇၁)ဦးတို့ကို စက်တင်ဘာလ (၁၃) ရက်နေ့ထိ ယာယီကယ်ဆယ်ရေးစခန်း ဖွင့်လှစ်ထားရာနေရာများဖြစ်သည့် မိုးလုံလေလုံ အားကစားရုံ၊ ရွှေယဉ်မျှော်ဘုရား၊ အ-မ-က(၁၁)၊ အ-ထ-က(၃)၊ ပြည်နယ် ကမ္မဋ္ဌာန်းဘုန်းတော်ကြီးကျောင်းများသို့  ပြောင်းရွှေ့ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)