Skip to main content

ညောင်ဦးမြို့နယ်အတွင်း မိုးသည်းထန်စွာရွာသွန်းခြင်းနှင့်အတူ သစ်ပင်များလဲကျလမ်း ပိတ်ဆို့နေမှုများအား ညောင်ဦးခရိုင်/မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်များမှ ရှင်းလင်းဖယ်ရှား

ညောင်ဦး  စက်တင်ဘာ ၁၃

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ်အတွင်း မိုးသည်းထန်စွာရွာသွန်းခြင်းနှင့်အတူ ညောင်ဦးမြို့နယ်အတွင်း အိမ်ပြိုလဲခြင်း၊ သစ်ပင်များပြိုလဲကာလမ်းများပိတ်ဆို့နေခြင်းတို့အား ညောင်ဦးခရိုင်/မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များနှင့်လူမှုရေးအသင်းအဖွဲ့များက ကူညီရှင်းလင်းဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ညောင်ဦးမြို့နယ်အတွင်း စက်တင်ဘာ ၁၁ ရက်နှင့် ၁၂ ရက်နေ့တို့တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် အမှတ်()၊ သီရိမင်္ဂလာရပ်ကွက်တွင် နေအိမ်တိုင်များကြံခိုင်မှုအားနည်းခြင်းကြောင့် နေအိမ်ပြိုလဲခြင်း၊ အမှတ်()ရပ်ကွက်၊ သာယာဝတီလမ်းတွင် ကန္တာရပင်ပြိုလဲကာ လမ်းပိတ်ဆို့နေခြင်း၊ အမှတ်()ရပ်ကွက်၊ ငှက်ပစ်တောင်လမ်းတွင် နှစ်သက်တမ်း(၃၀)ခန့်ရှိ ထနောင်းပင် ပြိုလဲနေခြင်း၊ အမှတ်()၊ သာယာဝတီရပ် မီးပွိုင့်လမ်းဆုံအနီး နှစ်သက်တမ်း (၁၂၀) ခန့်၊ လုံးပတ်(၁၃)ပေ၊အမြင့်(၃၅)ပေခန့်ရှိ တမာပင်ကြီး လမ်းပိတ်ဆို့လဲနေခြင်း၊တို့အား ညောင်ဦး မြို့နယ်မီးသတ်ဦးစီးမှူး ဦးကျော်မင်းသူ ဦးဆောင်သောမီးသတ်တပ်ဖွဲ့ဝင်များ၊ ဒုတိယမီးသတ်ဦးစီးမှူး ဦးရဲမင်းထွန်း ဦးဆောင်သော မီးသတ်တပ်ဖွဲ့ဝင်များ၊ ညောင်ဦးခရိုင်မီးသတ်တပ်ဖွဲ့မှ ဦးစီးအရာရှိ ဦးကျော်နိုင်လင်း ဦးဆောင်သော မီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များသည် အထောက်အကူပြုယာဉ်၊ မီးသတ်ယာဉ်နှင့်လူမှုကယ်ဆယ်ရေးယာဉ်တို့ဖြင့် အစုအဖွဲ့များခွဲကာ လဲပြိုနေသည့်အိမ်နှင့် လမ်းပိတ်ဆို့လဲကျနေသည့် သစ်ပင်တို့အား ရှင်းလင်းဆောင်ရွက်ခဲ့ကြောင်းသိရသည်။ အဆိုပါ သစ်ပင်များလဲကျမှုနှင့်အိမ်ပြိုမှုတို့ကြောင့် လူနှင့်တိရစ္ဆာန်များ ထိခိုက်ဆုံးရှုံးမှုမရှိခဲ့ကြောင်း သိရသည်။                       

ဒီပါလင်း