Skip to main content

စဉ့်ကိုင်မြို့နယ်၌ အိမ်ထောင်စု (၂၉၁)စုတို့မှ လူဦးရေ (၁၂၁၉) ဦးနှင့် တိရစ္ဆာန်ကောင်ရေ (၁၁၁၃)တို့အား ရေဘေးလွတ်ရာနေရာများသို့ ရွှေ့ပြောင်းဆောင်ရွက်ခြင်းနှင့် ကူညီကယ်ဆယ်ခြင်းလုပ်ငန်းများ ဆောင်ရွက်

စဉ့်ကိုင် စက်တင်ဘာ ၁၃

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်တွင် စက်တင်ဘာ ရက်နေ့မှစတင်၍ မိုးမျာအဆက်မပြတ် ရွာသွန်းခဲ့သည့်အတွက် စဉ့်ကိုင်မြို့တွင်း ဖြတ်သန်းစီးဆင်းလျက်ရှိသည့် မြို့အရှေ့ဘက်ရှိ ဇော်ဂျီမြစ်နှင့် အနောက်ဘက်ခြမ်းရှိ ပန်းလောင်မြစ်တို့မှ စက်တင်ဘာလ ၁၂ ရက်နေ့မှစတင်၍ မြစ်ရေမြင့်တက်မှုကြောင့် ကျေးရွာများအတွင်း ရေဝင်ရောက်လျက်ရှိသည့်အတွက်  အိမ်ထောင်စု (၂၉၁)စုတို့မှ လူဦးရေ (၁၂၁၉)ဦးနှင့် တိရစ္ဆာန်ကောင်ရေ (၁၁၁၃)ကောင်တို့အား ရေဘေးလွတ်ကင်းရာနေရာများသို့ ရွှေ့ပြောင်းကယ်ဆယ်ခြင်းလုပ်ငန်းများကို  ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

ထိုသို့ မြစ်ရေမြင့်တက်မှုကြောင့်  ဇော်ဂျီမြစ်ဘေးရှိ ဘယ်လင်းကျေးရွာအုပ်စု၊ သပြေပင်ကျေးရွာရှိ အိမ်ထောင်စု (၄၅)စု၊ လူဦးရေ(၂၃၀)ဦးနှင့် တိရစ္ဆာန် (၂၅၀)ကောင်၊ ဉာဏ်ကွေ့ကျေးရွာရှိ အိမ်ထောင်စု(၃၀)စု၊ လူဦးရေ (၁၂၀)ဦးနှင့် တိရစ္ဆာန်(၂၃၆)ကောင်၊ တောမကျေးရွာ အုပ်စု၊ ပင်းချာကျေးရွာရှိ အိမ်ထောင်စု(၁၁)စု၊ လူဦးရေ (၄၆)ဦးနှင့် တိရစ္ဆာန်(၂၇)ကောင်၊ ပတ္တာကျေးရွာရှိ အိမ်ထောင်စု (၁၇)စု၊ လူဦးရေ (၈၂)ဦးနှင့် တိရစ္ဆာန် (၁၀၇)ကောင်၊ မိုးကောင်းကျေးရွာအုပ်စု၊ ဇော်ဂျီကျေးရွာရှိ အိမ်ထောင်စု()စု၊ လူဦးရေ(၂၆)ဦး၊ ကံသစ် ကျေးရွာ အုပ်စု၊ ကံသစ်ကျေးရွာရှိ အိမ်ထောင်စု (၈၃)စု၊ လူဦးရေ (၃၉၄ဦးနှင့် တိရစ္ဆာန်‌(၁၉၉)ကောင်တို့အားလည်းကောင်း၊ ပန်းလောင်မြစ်ဘေးရှိ အုန်းလက်ကောက် ကျေးရွာအုပ်စု၊ အုန်းလက်ကောက်ကျေးရွာရှိ အိမ်ထောင်စု (၂၅)စုမှ လူဦးရေ (၆၄)ဦး၊ ရှမ်းရွာအုပ်စု၊ ရှမ်းရွာကျေးရွာရှိ အိမ်ထောင်စု (၃၇)စု၊ လူဦးရေ(၁၅၆)ဦးနှင့် တိရစ္ဆာန်(၈၃)ကောင်၊ ဝန်းသိုကျေးရွာအုပ်စု ဝန်ပတေ့ (မြောက်)ကျေးရွာရှိ  အိမ်ထောင်စု(၁၀)စု၊ လူဦးရေ (၃၇)ဦးနှင့် တိရစ္ဆာန် (၆၁)ကောင်၊ ဝန်ပတေ့(တောင်) ကျေးရွာရှိ အိမ်ထောင်စု (၂၅)စု လူဦးရေ(၆၄)ဦးနှင့် တိရစ္ဆာန် (၁၅၀)ကောင်၊ စုစုပေါင်း အိမ်ထောင်စု (၂၉၁)စု လူဦးရေ (၁၂၁၉)ဦးနှင့် တိရစ္ဆာန် (၁၁၁၃)ကောင်တို့အား ရေဝင်ရောက်မှုကြောင့် ရွှေ့ပြောင်းနေရာချထားခြင်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

၎င်းရေဘေးသင့်ပြည်သူများ ရွေ့ပြောင်းဆောင်ရွက်ခြင်းနှင့် ကူညီကယ်ဆယ်ခြင်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ခေတ္တဥက္ကဋ္ဌ ဗိုလ်မှူးပြည့်ဖြိုးအောင်နှင့် အဖွဲ့ဝင် များ၊ မြို့နယ် ထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးဇော်မင်းဆင့်နှင့် ဝန်ထမ်းများ၊ မြို့နယ်မီးသတ်ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးကြည့်ဇော်ထိုက်နှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များက စဉ့်ကိုင်မြို့ ရန်ကုန်-မန္တလေးကားလမ်းဘေး၊ ဘယ်လင်း-သပြေပင်ကျေးရွာ ချင်းဆက်လမ်းဘေး၊ ပင်းချားကျေးရွာ ရွာဦးကျောင်းဓမ္မာရုံ၊ ပန်းကျကုန်းဓမ္မာရုံ၊ ..က(ဇော်ဂျီ) ကျောင်းဝန်း၊ လေးမျက်နှာဘုရားဝန်း၊ ကျောက်ဆည်-တံတားဦးကားလမ်းဘေး၊ ..က (ရှမ်းရွာ) ကျောင်းဝန်းနှင့် ရွှေဂူကြီးဘုန်းကြီးကျောင်းများ၌ ကယ်ဆယ်ရေးစခန်းများဖွင့်လှစ်၍ နေထိုင်နိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ကျော်စွာ (စဉ့်ကိုင်)