Skip to main content

အုတ်တွင်းမြို့နယ် ကျွဲပွဲမြို့တွင် စစ်တောင်းမြစ်ရေမြင့်တက်မှုကြောင့် ရေဘေးသင့်ပြည်သူများအား တာဝန်ရှိသူများမှ ရေဘေးလွတ်ရာသို့ ပြောင်းရွှေ့ကူညီဆောင်ရွက်ပေး

အုတ်တွင်း စက်တင်ဘာ ၁၃

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်၊ ကျွဲပွဲမြို့အမှတ်(၅)ရပ်ကွက်၊ ဗျက်ကလေးပိုင်းနှင့် ဆွဲလွဲချောင်းကျေးရွာအုပ်စု၊ စပါးကျီကျေးရွာအတွင်း စစ်တောင်းမြစ်ရေဝင်ရောက်မှုကြောင့် ရေဘေးသင့်ပြည်သူများအား ဘေးလွတ်ရာသို့ ပြောင်းရွှေ့ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ပြောင်းရွှေ့ကူညီရာ၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့အဖွဲ့ဝင်(၂)ဦးတင်ယု၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ကိုကို၊ ကျွဲပွဲမြို့အုပ်ချုပ်ရေးမှူးဦးအေးဟန်နှင့်ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ လူမှုရေးအသင်းအဖွဲ့များမှ ရေဘေးလွတ်ရာသို့ ပြောင်းရွှေ့ရာတွင် ပူးပေါင်းကူညီဆောင်ရွက်လျက်ရှိပါကြောင်း ကျွဲပွဲမြို့အုပ်ချုပ်ရေးမှူးထံမှ သိရပါသည်။

မြို့နယ်(ပြန်ဆက်)