Skip to main content

ကျောက်ဆည်မြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်းပြီး ဇော်ဂျီမြစ်ရေ မြင့်တက်မှုကြောင့် ရပ်ကွက်/ကျေးရွာအချို့တွင် ရေဝင်ရောက်မှုများဖြစ်ပွားခဲ့ရာ ကူညီကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်

ကျောက်ဆည် စက်တင်ဘာ ၁၃

မန္တလေးတိုင်းဒေကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်တွင် စက်တင်ဘာ ၁၀ ရက်နေ့က မိုးသည်းထန်စွာရွာသွန်းပြီး ဇော်ဂျီမြစ်ရေမြင့်တက်မှုကြောင့် ရပ်ကွက်အချို့နှင့်ကျေးရွာများတွင် ရေဝင်ရောက်မှုဖြစ်ပွားခဲ့ရာ ယမန်နေ့နံနက်ပိုင်းက တာဝန်ရှိသူများက ရေဘေးရှောင်စခန်းများ ဖွင့်လှစ်ပေးပြီး ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင်  ကျောက်ဆည်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကောင်းမြတ်နိုင်နှင့်အဖွဲ့ဝင်များ၊ ခရိုင်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦး‌အောင်ဇော်ဦးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများက ကျောက်ဆည်မြို့အ‌ထွေထွရောဂါကု ပြည်သူ့ဆေးရုံကြီး၊ အမှတ်- အခြေခံပညာမူလတန်းလွန်ကျောင်းနှင့် မြို့အတွင်းရေဝင်ရောက်သည့်နေရာများနှင့် ကျောက်ဆည်မြို့နယ်ပန်းခွာကျေးရွာတွင် ပန်းလောင်မြစ်ရေဝင်ရောက်မှုကြောင့်  လူ၊ ကျွဲ၊ နွားတိရစ္ဆာန်များနှင့်ပစ္စည်းများအား ရေလွတ်ရာသို့ ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

သက်မောင်