Skip to main content

ကျန်းမာရေးဝန်ကြီးဌာန၏ အလွတ်တန်းပိုက်ကျော်ခြင်း ဖိတ်ခေါ်ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပ

နေပြည်တော် စက်တင်ဘာ ၈

ကျန်းမာရေးဝန်ကြီးဌာန၏ အလွတ်တန်းပိုက်ကျော်ခြင်းဖိတ်ခေါ်ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိအားကစားရုံ လေ့ကျင့် ရေးခန်းမ (၃) ၌ ကျင်းပရာ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန(က)အသင်းနှင့် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန(ခ)အသင်းတို့ အကြိတ်အနယ် ယှဉ်ပြိုင်ကစားကြသည်။

အခမ်းအနားသို့ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း၊ အမြဲတမ်းအတွင်းဝန်၊ ဌာနဆိုင်ရာတာဝန်ရှိ သူများ၊ အရာထမ်း၊ အမှုထမ်းများ၊ ပြိုင်ပွဲဝင်အားကစားသမားများ၊ အုပ်ချုပ်သူ၊ နည်းပြများနှင့် ဝန်ထမ်းမိသားစုများ လာရောက်ကြည့်ရှုအားပေးကြသည်။

ယနေ့ပြိုင်ပွဲတွင် ဗိုလ်လုပွဲစဉ်အဖြစ် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန(က) အသင်းနှင့် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန(ခ)အသင်းတို့ အကြိတ်အနယ် ယှဉ်ပြိုင်ကစားကြရာ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန(က)အသင်းက အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန(ခ)အသင်းကို အနိုင်ရရှိပြီး ပထမဆုကို ထိုက်ထိုက်တန်တန် ဆွတ်ခူးရရှိသွားသည်။

ပြိုင်ပွဲအပြီးတွင် ဆုချီးမြှင့်ပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းက ပထမဆုရရှိသည့်အသင်းအား ဂုဏ်ပြုဆုနှင့် ချီးမြှင့်ငွေများကို လည်းကောင်း၊ ကျန်းမာရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်များက ဒုတိယဆုနှင့် တတိယဆုရအသင်းများအား ဂုဏ်ပြုဆုနှင့် ချီးမြှင့်ငွေများနှင့် နှစ်သိမ့်ဆုရရှိသည့်အသင်းအား ချီးမြှင့်ငွေများကိုလည်းကောင်း ပေးအပ်ချီးမြှင့်ကြပြီး ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ပြိုင်ပွဲဝင်အသင်းများမှ အားကစားသမားများနှင့် အုပ်ချုပ်သူ၊ နည်းပြများကို ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်သည်။

ကျန်းမာရေး ဝန်ကြီးဌာန၏ အလွတ်တန်းပိုက်ကျော်ခြင်း ဖိတ်ခေါ်ပြိုင်ပွဲကို ၂၀၂၄ ခုနှစ်၊ ပဉ္စမအကြိမ် အမျိုးသားအားကစား ပွဲတော်ဝန်ကြီးဌာနပေါင်းစုံ အလွတ်တန်းပိုက်ကျော်ခြင်း(အမျိုးသား) ပြိုင်ပွဲတွင် အောင်မြင်စွာ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေးအတွက် ပြိုင်ပွဲဝင်များ စိစစ်ရွေးချယ်နိုင်ရေး၊ ကျန်းမာရေး ဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာန များမှ အားကစားသမားများ အချင်းချင်းချစ်ကြည်ရင်းနှီးမှု ရရှိစေရေး၊ မြန်မာ့ပိုက်ကျော်ခြင်း အားကစားအဆင့်အတန်း တိုးတက်မြင့်မားလာစေရေးနှင့် ထူးချွန်သော မျိုးဆက်သစ်အားကစားသမားများ ပေါ်ထွက်လာစေရေး စသည့်ရည်ရွယ်ချက်များဖြင့် စက်တင်ဘာ ၇ ရက်မှ ၈ ရက်အထိ ကျင်းပခဲ့ပြီးပြိုင်ပွဲသို့ ကျန်းမာရေးဝန်ကြီးဌာန လက်အောက်ရှိ ဦးစီးဌာနများမှ ပြိုင်ပွဲဝင် အမျိုးသားအသင်း ခုနစ်သင်း ဝင်ရောက်ယှဉ်ပြိုင်ကြကြောင်း သိရသည်။

သတင်းစဉ်