Skip to main content

အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေးပိုစတာ၊ ဗီဒီယိုနှင့် ဆောင်းပါးပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး ဖိတ်ခေါ်ခြင်း

၁။ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်သည် ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၉ ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာအဂတိ လိုက်စားမှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အဖြစ် “အဂတိပယ်ခွာပြည်သာယာ” ခေါင်းစဉ်ဖြင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေး ပိုစတာ၊ ဗီဒီယိုနှင့်ဆောင်းပါးပြိုင်ပွဲကို ကျင်းပပြုလုပ်သွားမည်ဖြစ်ရာ အောက်ပါသတ်မှတ်ချက်များနှင့် ကိုက်ညီသည့်လူငယ်များ ဝင်ရောက်ယှဉ်ပြိုင်နိုင်ပါကြောင်း ဖိတ်ခေါ်အပ်ပါသည် -

(က) ပိုစတာနှင့်စပ်လျဉ်း၍ အောက်ပါစည်းကမ်းသတ်မှတ် ချက်များနှင့် ကိုက်ညီရမည် -

(၁) အသက် - ၁၄ နှစ်မှ ၃၅ နှစ်အတွင်းရှိ လူငယ်၊ လူရွယ်များ (တစ်ဦးချင်း သို့မဟုတ် အဖွဲ့ လိုက်)၊

(၂) Format - JPG ၊ A3 (297 x 420 mm) with correct aspect ratio ၊

(၃) Resolution - 300 dpi ၊

(၄) File Size - 15 Mb ထက်မပိုစေရ၊

(၅) မြန်မာဘာသာစကား သို့မဟုတ် အင်္ဂလိပ်ဘာသာစကားဖြင့် ရှင်းလင်းချက်စာသား သီးခြားဖော်ပြရန်နှင့် အဖွဲ့လိုက်ယှဉ်ပြိုင်ခြင်းဖြစ်ပါက အဖွဲ့ဝင်တစ်ဦးချင်းက ပြိုင်ပွဲဝင်ခွင့်လျှောက်လွှာပါ အချက်အလက်များကို ဖြည့်စွက်လျှောက်ထားရန် ဖြစ်ပါသည်။

(ခ) ပိုစတာနှင့်စပ်လျဉ်း၍ သတ်မှတ်ချက်များနှင့်အညီ Hard Copy ၊ Soft Copy (၂)စုံပြုစု၍ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ရုံးအမှတ် (၃၅)၊ နေပြည်တော်သို့ ၃၀-၁၀-၂၀၂၄ ရက်နေ့ (၁၆:၀၀) နာရီမတိုင်မီ လူကိုယ်တိုင်ဖြစ်စေ၊ စာတိုက်မှတစ်ဆင့်ဖြစ်စေ၊ e-mail လိပ်စာဖြစ်သည့် zinwaihnin88@gmail.com သို့ဖြစ်စေ ပေးပို့နိုင်ပါသည်။ အသေးစိတ်အချက်အလက်များနှင့် ပြိုင်ပွဲဝင်ခွင့် လျှောက်လွှာကို သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနနှင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံးတို့၏ Website များတွင် အခမဲ့ Download ရယူနိုင်ပြီး ဦးညိုမြင့်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ၀၉-၂၀၁၉၀၀၄ နှင့် ဦးလင်းဝေအောင်၊ ညွှန်ကြားရေးမှူး၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံး ၀၆၇-၈၁၀၃၃၆၉ တို့သို့ ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်။

(ဂ) ဗီဒီယိုနှင့်စပ်လျဉ်း၍ အောက်ပါစည်းကမ်းသတ်မှတ်ချက် များနှင့်ကိုက်ညီရမည် -

(၁) အသက် -  ၁၄ နှစ်မှ ၃၅ နှစ်အတွင်းရှိ လူငယ်၊ လူရွယ်များ      (တစ်ဦးချင်း သို့မဟုတ် အဖွဲ့ လိုက်)၊

(၂) Format - mpeg 4 ၊

(၃) Resolution - 1920 x 1080 p ထက်မပိုစေရ၊

(၄) File Size - 300 Mb ထက်မပိုစေရ၊

(၅) Sound -  16-bit, stereo၊

(၆) Duration - 120 Seconds ထက်မပိုစေရ၊

(၇) မြန်မာဘာသာစကား သို့မဟုတ် အင်္ဂလိပ်ဘာသာ စကားဖြင့် စာတန်းထိုးဖော်ပြရန်နှင့် အဖွဲ့လိုက်ယှဉ်ပြိုင်ခြင်းဖြစ်ပါက အဖွဲ့ဝင်တစ်ဦးချင်းက ပြိုင်ပွဲဝင်ခွင့်လျှောက်လွှာပါ အချက်အလက်များကို ဖြည့်စွက်လျှောက်ထားရန် ဖြစ်ပါသည်။

(ဃ) ဗီဒီယိုနှင့်စပ်လျဉ်း၍ သတ်မှတ်ချက်များနှင့်အညီ Soft Copy (CD) ၂ ချပ် ပြုစု၍ ပြန်ကြားရေးဝန်ကြီးဌာန၊ ရုံးအမှတ်(၇)၊ နေပြည်တော်သို့ ၃၀-၁၀-၂၀၂၄ ရက်နေ့ (၁၆:၀၀) နာရီမတိုင်မီ လူကိုယ်တိုင်ဖြစ်စေ၊ စာတိုက်မှတစ်ဆင့်ဖြစ်စေ၊ e-mail လိပ်စာဖြစ်သည့် ms.khin moeou@gmail.com သို့ဖြစ်စေ ပေးပို့နိုင်ပါသည်။ အသေးစိတ် အချက်အလက်များနှင့် ပြိုင်ပွဲဝင်ခွင့် လျှောက်လွှာကို ပြန်ကြားရေးဝန်ကြီးဌာနနှင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံးတို့၏ Website များတွင် အခမဲ့ download ရယူနိုင်ပြီး ဒေါ်ခင်မိုးဥ၊ ညွှန်ကြားရေးမှူး၊ ပြန်ကြားရေးဝန်ကြီးဌာန၊ ၀၉-၅၁၉၆၈၅၀ နှင့် ဒေါ်ဇာဇာမိုး၊ ညွှန်ကြားရေးမှူး၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ရုံး၊ ၀၆၇-၈၁၀၃၃၄၃ တို့သို့ ဆက်သွယ်စုံစမ်း မေးမြန်းနိုင်ပါသည်။

(င) ဆောင်းပါးနှင့်စပ်လျဉ်း၍ ဝင်ရောက်ယှဉ်ပြိုင်လိုပါက အောက်ပါ စည်းကမ်းသတ်မှတ်ချက်များနှင့် ကိုက်ညီ ရမည် -

(၁) အသက် -  ကန့်သတ်ချက်မရှိ၊

(၂) ဘာသာစကား - မြန်မာ၊

(၃) ပုံစံ - ကွန်ပျူတာစာစီဖြစ်ရမည်၊

(၄) အရေအတွက် -  A4 ဆိုဒ် စာမျက်နှာ (၅) မျက်နှာ မှ (၇) မျက်နှာအတွင်း၊

(၅) ကန့်သတ်ချက် - ကျောကပ်ရေးသားခြင်းမပြုရ၊

(၆) ကိုးကားချက်များရှိပါက ပြည့်စုံစွာ ထည့်သွင်း ဖော်ပြရန်။

(စ) ဆောင်းပါးနှင့်စပ်လျဉ်း၍ သတ်မှတ်ချက်များနှင့်အညီ Hard Copy (၁) စုံ၊ Soft Copy (၁)စုံ၊ ပြန်ကြားရေးဝန်ကြီးဌာန၊ ရုံးအမှတ်(၇)၊ နေပြည်တော်သို့ ၃၀-၁၀-၂၀၂၄ ရက်နေ့ (၁၆:၀၀) နာရီမတိုင်မီ လူကိုယ်တိုင်ဖြစ်စေ၊ စာတိုက်မှတစ်ဆင့်ဖြစ်စေ၊ e-mail လိပ်စာ sabalphyu 315@gmail.com သို့ဖြစ်စေ ပေးပို့နိုင်ပါသည်။ အသေးစိတ်အချက်အလက်များနှင့် ပြိုင်ပွဲဝင်ခွင့်လျှောက်လွှာကို ပြန်ကြားရေးဝန်ကြီးဌာနနှင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်ရုံးတို့၏ Website များတွင် အခမဲ့ down-load ရယူနိုင်ပြီး ဒေါ်သင်းသင်းဇင်၊ ညွှန်ကြားရေးမှူး၊ ပြန်ကြားရေးဝန်ကြီးဌာန၊ ၀၉-၅၀၁၂၂၁၃ နှင့် ဒေါ်နန်းရတနာထွန်း၊ ညွှန်ကြားရေးမှူး၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ရုံး၊ ၀၉-၄၅၁၂၃၅၂၁၅ တို့သို့ ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်။

 

(ဆ) ပြိုင်ပွဲဝင်ပိုစတာ၊ ဗီဒီယိုနှင့် ဆောင်းပါးများတွင် အောက်ပါအချက်များ ပါရှိပါက ထည့်သွင်းစဉ်းစားမည် မဟုတ်ပါ-

(၁) တည်ဆဲဥပဒေများ၊ အမိန့်နှင့် ညွှန်ကြားချက်များနှင့်ဆန့်ကျင်သော စာသားများ၊ ဇာတ်ကွက်များ၊ သရုပ်ဖော်မှုများ၊ အသုံးအနှုန်းများကို တိုက်ရိုက် ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ အသုံးပြုထားခြင်း၊

(၂) မူပိုင်ခွင့်ဥပဒေပါ ပြဋ္ဌာန်းချက်များနှင့် ကိုက်ညီမှု မရှိခြင်း။

(ဇ) ပြိုင်ပွဲဝင် ပိုစတာ၊ ဗီဒီယိုများနှင့် ဆောင်းပါးများကို အပြည်ပြည်ဆိုင်ရာ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဆောင်ရွက်ချက်များအတွက် အသုံးပြုခြင်းကို ခွင့်ပြုပေး ရမည်ဖြစ်သည်။ ပြိုင်ပွဲဝင်ပိုစတာ၊ ဗီဒီယိုနှင့်ဆောင်းပါးတို့ကို ပြန်လည်သုံးသပ်ခြင်းနှင့် ပြန်လည်ပေးအပ်ခြင်းများ ပြုလုပ်မည်မဟုတ်ပါ။

(ဈ) ပြိုင်ပွဲဝင်ပိုစတာ၊ ဗီဒီယိုနှင့်ဆောင်းပါးတို့အနက်မှ ပထမ၊ ဒုတိယ၊ တတိယရရှိသည့် ပိုစတာ၊ ဗီဒီယိုနှင့်ဆောင်းပါးတို့ကို ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၉ ရက်နေ့တွင် မြန်မာနိုင်ငံ၌ ကျင်းပပြုလုပ်မည့် “အပြည်ပြည်ဆိုင်ရာ အဂတိလိုက်စားမှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အခမ်းအနား” တွင် ဆုချီးမြှင့်ပေးမည် ဖြစ်ပါသည်။

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်