နေပြည်တော် စက်တင်ဘာ ၃
မျက်မှောက်ကာလတွင် ဖြစ်ပွားလျက်ရှိသော လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် အကြမ်းဖက်မှုတားဆီးရေးဆိုင်ရာကိစ္စရပ်များနှင့်ပတ်သက်၍ ပရိသတ်များ၏ ရင်တွင်းခံစားချက်စကားသံများအား သဇင် FM ၏ “ပြည်သူ့ကြားက ပြည်သူ့စကား” အစီအစဉ်မှ “ပြည်သူတွေခိုလှုံရာ အရပ်သားပစ်မှတ်တွေကို အဓိကထားတိုက်ခိုက်လာတဲ့ အကြမ်းဖက်သမားများ” ခေါင်းစဉ်ဖြင့် စက်တင်ဘာ ၄ ရက် မွန်းလွဲ ၁ နာရီတွင် ထုတ်လွှင့်တင်ဆက်ပေးသွားမည်ဖြစ်သည်။
လာမည့်အပတ် ဗုဒ္ဓဟူးနေ့ မွန်းလွဲ ၁ နာရီတွင် “အကြမ်းဖက်သမားများ၏ ဖျက်ဆီးမှုကြောင့် လျှပ်စစ်ဓာတ်အား မထုတ်လုပ်နိုင်မှု မဂ္ဂါဝပ် ၁၆၀၀ ကျော်ရှိနေသည့် ရေအားလျှပ်စစ်စီမံကိန်း (၈) ခု နှင့် အခြားရပ်ဆိုင်းထားရသည့်စီမံကိန်းများ” ခေါင်းစဉ်ဖြင့် ဆွေးနွေးတင်ဆက်မည်ဖြစ်သောကြောင့် ပါဝင်ဆွေးနွေးလိုသူပရိသတ်များအနေဖြင့် အပတ်စဉ် ကြာသပတေးနေ့ နံနက် ၁၀ နာရီမှ ၁၁ နာရီအတွင်း ဖုန်းနံပါတ် ၀၉-၈၉၉၀၉၉၅၈၅သို့ အမည်၊ နေရပ် လိပ်စာ၊ အလုပ်အကိုင်နှင့် ပြန်လည်ဆက်သွယ်ရမည့်ဖုန်းနံပါတ်တို့ကို Message ပေးပို့ပါဝင်နိုင်ပြီဖြစ်ကြောင်းနှင့် ပါဝင်လာသည့် ပရိသတ်များ၏ ဖုန်းနံပါတ်များနှင့် ကိုယ်ရေးအချက်အလက်များအား လျှို့ဝှက်ပေးထားမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်