နေပြည်တော် ဩဂုတ် ၃၀
ပြန်ကြားရေးဝန်ကြီးဌာန ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန စာပေဗိမာန်က စာပေဗိမာန်စာမူဆု ကဗျာပေါင်းချုပ် တတိယဆုရရှိသည့် စာရေးသူမြတ်ဘုန်း(တပ်ကုန်း)၏ “နှလုံးလှအမေရဲ့ ဇာတ်စင်နှင့် အခြားကဗျာများ” စာအုပ်ကို ဖြန့်ချိရောင်းချလျက်ရှိသည်။
ဤကဗျာစာအုပ်တွင် အမေ့မေတ္တာ၊ အမေ့ကျေးဇူး၊ အမေ့ဂုဏ်ရည်ကို ဖော်ကျူးဖွဲ့ဆိုသည့် ကဗျာများကို အားပါးတရဖတ်ရမည်ဖြစ်သည်။ မြန်မာကဗျာရေးဖွဲ့နည်းစနစ်များအတိုင်း မှန်ကန်စွာရေးဖွဲ့ထားသည့် ကဗျာများဖြစ်သည်။ လူတိုင်းလူတိုင်းတွင် ရှိအပ်သည့် ကိုယ်ကျင့်တရားမှသည် နိဗ္ဗာန်ရောက်သည်အထိ သိဖွယ်ကျင့်ဖွယ်ဆိုညွှန်းသော ကဗျာများလည်းပါဝင်သည်။ လူ့ပတ်ဝန်းကျင်တွင် ဖြစ်ပျက်လေ့ရှိသည့် အခြင်းအရာများ၊ အကွေ့အကောက်၊ အနိမ့်အမြင့်များကိုလည်း သတိထားဆင်ခြင်ဖွယ်၊ လိုက်နာကျင့်ကြံဖွယ် မီးမောင်းထိုးဖွဲ့ဆိုထားသည်။ အကြောင်းအရာများ သင့်တင့်ပြည့်စုံပြီး တင်ပြပုံလည်း ကောင်းမွန်သည့် ကဗျာစာအုပ်ဖြစ်သည်။
အဆိုပါစာအုပ်ကို ရောင်းဈေးကျပ် ၃၀၀၀ ဖြင့် အမှတ် ၅၂၉ - ၅၃၁၊ ကုန်သည်လမ်းရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ၀၁-၈၂၄၉၀၃၁၊ ၀၁-၈၃၈၁၄၄၈)၊ အမှတ် (တ- ၅၅)၊ သပြေကုန်းဈေးနေပြည်တော်ရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ၀၆၇-၃၄၁၄၆၈၁၊ ၀၉-၄၄၉၅၄၀၆၆၇)၊ ၈၆ လမ်း၊ ၂၁ လမ်းနှင့် ၂၂ လမ်းကြား၊ မန္တလေးမြို့ရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ၀၂-၄၀၃၀၁၈၆) နှင့် အမြို့မြို့ရှိ စာပေဗိမာန်ကိုယ်စားလှယ်များထံတွင် ဆက်သွယ်ဝယ်ယူနိုင်ကြောင်းနှင့် လက်ကားမှာယူလိုပါက အမှတ် ၅၂၉-၅၃၁၊ ကုန်သည်လမ်းရှိ စာပေဗိမာန်အရောင်းဌာန (ဖုန်း ၀၁-၈၂၄၉၀၃၁၊ ၀၁- ၈၃၈၁၄၄၈) သို့ ဆက်သွယ်နိုင်ကြောင်း သိရသည်။
သတင်းစဉ်