နေပြည်တော် ဩဂုတ် ၂၉
အရွယ်မရောက်သေးသည့် ကလေးသူငယ်ကို အဓမ္မအလုပ်ခိုင်းစေပြီး လုပ်အားခများခေါင်းပုံဖြတ်ရယူခဲ့သူများကို လူကုန်ကူးမှုဖြင့် အလုပ်နှင့်ထောင်ဒဏ် ၁၀ နှစ်စီချမှတ်ခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။
ဖြစ်စဉ်မှာ ရန်ကုန်တိုင်းဒေသကြီး ဗဟန်းမြို့နယ်နေ ဒေါ်ရွှေဇင်ဝင်း (ခ) အိတီမနှင့် ၎င်း၏သမီးဖြစ်သူ မေသန္တာဝင်းတို့က ရွှေပြည်သာ မြို့နယ်နေ မ----၊ ၁၂/၂၀၂၄ နှစ်အား နေ့စဉ်နံနက် ၅ နာရီမှ ည ၁၂ နာရီအထိ ရွှေဂုံတိုင် ကားမှတ်တိုင်အနီးတွင် ပန်းရောင်း ရန်ခိုင်းစေခဲ့ပြီး ပန်းရောင်းမကုန်သည့်နေ့များတွင် ရိုက်နှက်ခြင်းများပြုလုပ်၍ အဓမ္မ အလုပ်ခိုင်းစေပြီး လုပ်အားခများ ခေါင်းပုံဖြတ်ရယူခဲ့သဖြင့် ဗဟန်း မြို့မရဲစခန်း (ပ)၃၉/၂၀၂၄၊ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဥပဒေ ပုဒ်မ-၃၅ ဖြင့် အမှုရေးဖွင့် တရားစွဲတင်ခဲ့သည်။
ကမာရွတ်ခရိုင် တရားရုံးမှ ဩဂုတ် ၂၇ ရက်တွင် တရားခံ ဒေါ်ရွှေဇင်ဝင်း(ခ)အိတီမနှင့် မေသန္တာဝင်းတို့ကို လူကုန်ကူးမှုတားဆီး နှိမ်နင်းရေးဥပဒေပုဒ်မ ၃၅ အရ အလုပ်နှင့်ထောင်ဒဏ် ၁၀ နှစ်စီ ချမှတ်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်