နေပြည်တော် ဩဂုတ် ၂၉
မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့နယ် မြင်းခြံ-နဘူးအိုင်လမ်းပိုင်းတွင် ဖြတ်သန်းသွားလာနေသည့် မော်တော်ယာဉ်များအား ဩဂုတ်လ ၂၇ ရက်တွင် ဓားပြတိုက်လျက်ရှိပြီး ဓားပြတိုက်သူများမှာ ရဲတပ်ဖွဲ့၊ တပ်မတော်နှင့်ပျူစောထီးများဖြစ်ကြောင်း တရားမဝင်ပြည်ဖျက် မီဒီယာများက သတင်းအမှားများ မဟုတ်မမှန်ရေးသား ဖြန့်ဝေလျက်ရှိကြောင်း တွေ့ရှိရသည်။
အဆိုပါသတင်းနှင့်ပတ်သက်၍ လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် ယခုလိုဥပဒေမဲ့လုပ်ရပ်မျိုး လုပ်ဆောင်ခြင်းမရှိကြောင်း၊ ယင်းကဲ့သို့ ဥပဒေမဲ့လုပ်ရပ်များအား အကြမ်းဖက်သောင်းကျန်းသူ အဖွဲ့အစည်းများက လုပ်ဆောင်လေ့ရှိကြောင်း၊ ပြည်သူ လူထုအား အမြဲတစေထိခိုက်အောင် ကြံစည်ဆောင်ရွက်နေကြသူများသည် အကြမ်းဖက်အဖွဲ့အစည်းများနှင့် ၎င်းတို့၏ လက်ဝေခံပြည်ဖျက် မီဒီယာများသာဖြစ်သည်ကိုလည်း အများပြည်သူများအားလုံး အသိပင်ဖြစ်ကြောင်း ဒေသခံပြည်သူ တစ်ဦးထံမှသိရှိရသည်။
ယခုသတင်းသည် PDF အမည်ခံအကြမ်းဖက်သမားများက ဒေသခံတိုင်းရင်းသား ပြည်သူများအား လက်နက်အားကိုးဖြင့် ဆက်ကြေးကောက်ခံခြင်းများ လုပ်ဆောင်လျက်ရှိပြီး မပေးသူများအား အဓမ္မဖမ်းဆီးနှိပ်စက် သတ်ဖြတ်လျက်ရှိသည်ကို ဖုံးကွယ်ရန်အတွက် တရားမဝင်ပြည်ဖျက်မီဒီယာများက လုပ်ကြံဖန်တီး ဝါဒဖြန့်ရေးသားခြင်းသာဖြစ်ကြောင်း သိရှိရသည်။
သတင်းစဉ်