Skip to main content

ဒုတိယဝန်ကြီး ဦးစိုးကြည် ကုလသမဂ္ဂအဖွဲ့အစည်းများနှင့် လူသားချင်းစာနာထောက်ထားမှုအဖွဲ့အစည်းများ၏ အရေးပေါ်ကိစ္စရပ်များဆိုင်ရာ ညွှန်ကြားရေးမှူးများအဖွဲ့ (EDG) အား လက်ခံတွေ့ဆုံ

နေပြည်တော် ဩဂုတ် ၂၇

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးစိုးကြည်သည် နယူးယောက်မြို့အခြေစိုက် ကုလသမဂ္ဂအဖွဲ့အစည်းများနှင့် လူသားချင်းစာနာထောက်ထားမှု အဖွဲ့အစည်းများ၏ အရေးပေါ်ကိစ္စရပ်များဆိုင်ရာ ညွှန်ကြားရေးမှူးများအဖွဲ့(EDG)အား ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။

ဆွေးနွေး

တွေ့ဆုံစဉ် မြန်မာနိုင်ငံအတွင်း လူသားချင်းစာနာမှုအကူအညီလိုအပ်ချက်များ လေ့လာရေး၊ နိုင်ငံအတွင်း အမျိုးသားအဆင့် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုကော်မတီ (NDMC) ဖွဲ့စည်းထားရှိမှုနှင့် ဆိုင်ကလုန်းမုန်တိုင်း မိုခါတုံ့ပြန်ရေးတွင် ကုလသမဂ္ဂအဖွဲ့အစည်းများ၊ အပြည်ပြည်ဆိုင်ရာ အစိုးရမဟုတ်သော အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ခဲ့မှုများ၊ အဖွဲ့အစည်းများ၏ နိုင်ငံခြားသား ဝန်ထမ်းများအတွက် ပြည်ဝင်ဗီဇာ၊ ဗီဇာသက်တမ်းတိုး၊ ခရီးသွားလာခွင့်များရရှိရေးနှင့် ဝန်ကြီးဌာနမှ ဆောင်ရွက်ပေးထားမှုများ၊ အပြည်ပြည်ဆိုင်ရာ အစိုးရမဟုတ်သော အဖွဲ့အစည်းများ၏ အသင်းအဖွဲ့မှတ်ပုံတင်ရရှိရေးဆိုင်ရာကိစ္စရပ်များ၊ ဝန်ကြီးဌာနနှင့် OCHA အဖွဲ့အကြား သဘောတူညီမှုစာလွှာ (LoA) လက်မှတ်ရေးထိုးနိုင်ရေးနှင့် ဝန်ထမ်းများအတွက် စွမ်းရည်မြှင့်သင်တန်းများ ပေးနိုင်ရေးကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြသည်။

တက်ရောက်

တွေ့ဆုံပွဲသို့ လူမှုဝန်ထမ်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ ဘာသာရပ်ဆိုင်ရာ အရာထမ်းများနှင့် EDG အဖွဲ့မှ ကိုယ်စားလှယ်များ တက်ရောက်ကြကြောင်း သတင်းရရှိသည်။

သတင်းစဉ်