Skip to main content

ပဲခူးတိုင်းဒေသကြီး ဖြူးမြို့နယ်တွင် ၃ ရက်ဆက် တိုက်ပွဲဖြစ်ပွားပြီးနောက် တပ်မတော်မှ ကျေးရွာများကို လက်နက်ကြီးများဖြင့် ဆက်တိုက်ပစ်ခတ်ခဲ့သဖြင့် သံဃာတော် ၁ ပါး ပျံလွန်တော်မူကာ ကလေးငယ်များ၊ ကိုရင်များအပါအဝင် ပြည်သူ ၆ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း မဟုတ်မမှန် ရေးသားဖြန့်ဝေ

နေပြည်တော် ဩဂုတ် ၂၇

ပဲခူးတိုင်းဒေသကြီး၊ ဖြူးမြို့နယ်တွင် ၃ ရက်ဆက် တိုက်ပွဲဖြစ်ပွားပြီးနောက် တပ်မတော်မှ ကျေးရွာများကို လက်နက်ကြီးများဖြင့် ဆက်တိုက်ပစ်ခတ်ခဲ့သဖြင့် သံဃာတော် ၁ ပါး ပျံလွန်တော်မူကာ ကလေးငယ်များ၊ ကိုရင်များအပါအဝင် ပြည်သူ ၆ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သတင်းတု၊ သတင်းအမှားများကို တရားမဝင်ပြည်ဖျက်မီဒီယာများက ရေးသားဖြန့်ဝေနေသည်ကို တွေ့ရှိရသည်။

အဆိုပါသတင်းများသည် သတင်းမှားသာဖြစ်ပြီး တပ်မတော်အနေဖြင့် ကျေးရွာများသို့ အကြောင်းမဲ့ပစ်ခတ်တိုက်ခိုက်ခြင်းမရှိကြောင်း၊ အကြမ်းဖက်အဖွဲ့များသည် အပြစ်မဲ့ပြည်သူများ အေးချမ်းစွာနေထိုင်နေသော မြို့/ရွာများအား ရည်ရွယ်ချက်ရှိရှိ Drop Bomb များ ကြဲချခြင်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်းများကို ပြုလုပ်နေကြကြောင်း၊ ထို့အပြင် ၎င်းတို့အား ထောက်ခံအားပေးမှုမရှိသည့် အပြစ်မဲ့အရပ်သားပြည်သူများကိုလည်း ဒလန်ဟု၍ စွပ်စွဲဖမ်းဆီးသတ်ဖြတ်လျက်ရှိကြောင်း သိရှိရပြီး တရားမဝင်ပြည်ဖျက်မီဒီယာများက PDF အမည်ခံအကြမ်းဖက်အဖွဲ့များ၏ လုပ်ရပ်များကို ဖုံးကွယ်နိုင်ရန်အတွက် ယခုကဲ့သို့ တပ်မတော်အပေါ် ပြည်သူများ အထင်အမြင်လွဲမှားစေမည့် သတင်းတု၊ သတင်းမှားများကို လုပ်ကြံရေးသား ဖြန့်ဝေခြင်းဖြစ်ကြောင်း သိရှိရသည်။