နေပြည်တော် သြဂုတ် ၂၆
ပြည်ထောင်စုတရားသူကြီးချုပ် ဦးသာဌေးနှင့် ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးများဖြစ်ကြသော ဦးမျိုးမောင်၊ ဦးခင်မောင်ကြီး၊ ဦးသောင်းနိုင်၊ ဒေါက်တာကိုကိုနိုင်တို့ပါဝင်သည့် အထူးအယူခံခုံရုံးသည် ယနေ့နံနက် ၉ နာရီခွဲတွင် ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံးခန်းအမှတ်(၁)၌ ရုံးထိုင်၍ ရာဇဝတ်အထူးအယူခံမှုအမှတ် ၁၃/၂၀၂၄ (ကယား)နှင့် တရားမအထူးအယူခံမှုအမှတ် ၅/၂၀၂၄ (ရှမ်း)၊ ၁၄/၂၀၂၄ (မွန်)၊ ၂၃/၂၀၂၄ (ရှမ်း)၊ ၄၂/၂၀၂၄ (ဧရာဝတီ) စုစုပေါင်း ရာဇဝတ်အထူးအယူခံမှုတစ်မှုနှင့် တရားမအထူးအယူခံမှုလေးမှုတို့ကို စီရင်ချက်ချမှတ်သည်။
ထို့ပြင် ရာဇဝတ်အထူးအယူခံမှုအမှတ် ၆/၂၀၂၄ (မန္တလေး)၊ ၇/၂၀၂၄ (မန္တလေး)၊ ၈/၂၀၂၄ (မန္တလေး)၊ ၉/၂၀၂၄ (မန္တလေး)၊ ၁၀/၂၀၂၄ (မန္တလေး)၊ ၁၁/၂၀၂၄(မန္တလေး)၊ ၁၂/၂၀၂၄ (မန္တလေး)နှင့် တရားမအထူးအယူခံမှုအမှတ် ၃၈/၂၀၂၄(စစ်ကိုင်း)၊ ၄၇/၂၀၂၄(ရန်ကုန်) စုစုပေါင်းရာဇဝတ်အထူး အယူခံမှုခုနစ်မှုနှင့် တရားမအထူးအယူခံမှု နှစ်မှုတို့ကို ရုံးထိုင်ကြားနာခဲ့ကြောင်း သိရသည်။
သတင်းစဉ်