နေပြည်တော် ဩဂုတ် ၂၂
သီရိလင်္ကာဒီမိုကရက်တစ်ဆိုရှယ်လစ်သမ္မတနိုင်ငံဆိုင်ရာ အထူးအာဏာကုန်လွှဲအပ်ခြင်းခံရသော ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် သံအမတ်ကြီး ဒေါ်မာလာသန်းထိုက်သည် ၎င်း၏ခန့်အပ်လွှာကို ၂၀၂၄ ခုနှစ် ဩဂုတ် ၂၁ ရက်တွင် ကိုလံဘိုမြို့ရှိ သမ္မတအိမ်တော်၌ သီရိလင်္ကာဒီမိုကရက်တစ်ဆိုရှယ်လစ်သမ္မတနိုင်ငံ သမ္မတမစ္စတာရာနေးလ် ဝစ်ခ်ရီမီဆင်းဟီထံသို့ ပေးအပ်ခဲ့ပြီးဖြစ်သည်။
သတင်းစဉ်