Skip to main content

ရှေ့တန်းရောက်တပ်မတော်သားများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် နေပြည်တော် ပုဗ္ဗသီရိမြို့နယ် ဆင်ဖြူရှင်ရပ်ကွက် မိသားစုများက စားသောက်ဖွယ်ရာများ လှူဒါန်း

နေပြည်တော် ဩဂုတ် ၂၂

နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို စွန့်လွှတ်စွန့်စားလိုစိတ် ထက်သန်စွာဖြင့် စွမ်းစွမ်းတမံထမ်းဆောင်နေကြသည့် ရှေ့တန်းရောက်တပ်မတော်သားများနှင့် လုံခြုံရေး တပ်ဖွဲ့ဝင်များအတွက် စေတနာရှင်အလှူရှင်ပြည်သူများနှင့် ဝန်ကြီးဌာနအလိုက် ဝန်ထမ်းမိသားစုများက အလှူငွေများနှင့် စားသောက်ဖွယ်ရာများကို ပေးပို့လှူဒါန်းလျက်ရှိသည်။

ပေးပို့လှူဒါန်းနိုင်ရေး ပြင်ဆင်ဆောင်ရွက်

ထိုသို့ နိုင်ငံတော်ကာကွယ်ရေးတာဝန်များကို ထမ်းဆောင်နေကြသည့် ရှေ့တန်းရောက်တပ်မတော်သားများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် ယနေ့တွင် နေပြည်တော် ပုဗ္ဗသီရိမြို့နယ်ရှိ ဆင်ဖြူရှင်ရပ်ကွက်မိသားစုများက စေတနာ၊ မေတ္တာအပြည့်ဖြင့် ဆင်ဖြူရှင် ရပ်ကွက်ရှိ ဓမ္မရက္ခိတဓမ္မာရုံ၌ စားသောက်ဖွယ်ရာများ စုပေါင်းချက်ပြုတ်ကြော်လှော်ကြပြီး ပေးပို့လှူဒါန်းနိုင်ရေး ပြင်ဆင် ဆောင်ရွက်ကြသည်။

ငါးပိကြော်၊ ငါးခြောက်ကြော်နှင့် အသင့်စား ခေါက်ဆွဲခြောက်ထုပ်များ ပေးပို့လှူဒါန်းသွားမည်

ဆင်ဖြူရှင်ရပ်ကွက် မိသားစုများက ရှေ့တန်းရောက် တပ်မတော်သားများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် ငါးပိကြော်၊ ငါးခြောက်ကြော်၊ အသားတုကြော်၊ အသင့်စားခေါက်ဆွဲ ခြောက်ထုပ်များနှင့် ဆေးပေါ့လိပ်များကို ပေးပို့လှူဒါန်းသွားမည်ဖြစ်သည်။

ရှေ့တန်းရောက် တပ်မတော်သားများ လက်ဝယ်အရောက်ပို့ဆောင်ပေးမည်

အဆိုပါ စားသောက်ဖွယ်ရာများကို တပ်မတော်လေယာဉ်၊ ရဟတ်ယာဉ်များ၊ မော်တော်ယာဉ်များဖြင့် ရှေ့တန်းရောက် တပ်မတော်သားများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ လက်ဝယ်အရောက် ပို့ဆောင်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်