နေပြည်တော် ဩဂုတ် ၂၂
ကယားပြည်နယ်၊ လွိုင်ကော်မြို့၊ မင်းစုရပ်ကွက်၊ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းရှိ ဆရာ/ဆရာမများနှင့် ဒေါတမရပ်ကွက်၊ အခြေခံပညာအလယ်တန်းကျောင်း (ဒေါတမ) ရှိ ဆရာ/ဆရာမများအား ဆန်၊ ဆီ၊ ကြက်ဥနှင့် စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်ခြင်းကို ယနေ့နံနက်ပိုင်းတွင် အဆိုပါကျောင်းများ၌ပြုလုပ်ရာ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် ဇော်မင်းလတ်နှင့်အဖွဲ့ဝင်များ၊ ကျောင်းအုပ်ဆရာကြီး၊ ကျောင်းအုပ်ဆရာမကြီးများနှင့် ဆရာ/ဆရာမများ တက်ရောက်ကြသည်။
ဦးစွာ တိုင်းမှူးက အမှာစကားပြောကြားသည်။ ထို့နောက် တိုင်းမှူးနှင့်တာဝန်ရှိသူများက ဆရာ/ဆရာမများအတွက် ဆန်၊ ဆီ၊ ကြက်ဥနှင့် စားသောက်ဖွယ်ရာများကို ထောက်ပံ့ပေးအပ်ရာ ကျောင်းအုပ်ဆရာကြီး၊ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ/ဆရာမများက လက်ခံရယူကြသည်။
ယင်းနောက် ဆရာ/ဆရာမများ၏တင်ပြချက်များကို တိုင်းမှူးနှင့်တာဝန်ရှိသူများက လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးပြီး ဆရာ/ဆရာမများအား ရင်းရင်းနှီးနှီး လိုက်လံအားပေးစကားပြောကြားသည်။
ဆက်လက်၍ အဆိုပါကျောင်းများရှိ ဆရာ/ဆရာများနှင့် ကျောင်းသား/ကျောင်းသူများအား အာဟာရဖြည့်ကြက်သားဆန်ပြုတ်များ တိုက်ကျွေးခဲ့ကြကြောင်း သတင်းရရှိသည်။