Skip to main content

နေပြည်တော်ကောင်စီနယ်မြေ၊ တပ်ကုန်းမြို့နယ်၌ မြေအောက်ကေဘယ်မီးကြိုးများ ဖြတ်တောက်ခိုးယူသူ အမျိုးသားတစ်ဦးဖမ်းဆီးရမိ

နေပြည်တော် ဩဂုတ် ၂၀

နေပြည်တော်ကောင်စီနယ်မြေ၊ တပ်ကုန်းမြို့နယ်၌ ဩဂုတ်လ ၁၉ ရက်နေ့က မြေအောက်ကေဘယ်မီးကြိုးများ ဖြတ်တောက်ခိုးယူသူ အမျိုးသားတစ်ဦးအားဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ဩဂုတ်လ ၁၉ ရက်နေ့ နံနက် ၃ နာရီခွဲအချိန်တွင် တပ်ကုန်းမြို့နယ်၊ ဘုရားကုန်းမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က နယ်မြေအတွင်း လှည့်ကင်းဆောင်ရွက်နေစဉ် နေပြည်တော်-တပ်ကုန်း၊ အမှတ်(၁)လမ်း၊ သတ္တသတ္တာဟဘုရားနှင့် သပြေစမ်းကျေးရွာကြား လမ်းလယ်ကျွန်းပေါ်၌ မင်္သကာဖွယ်ရာ အမျိုးသားတစ်ဦးအား တွေ့ရှိစစ်ဆေးခဲ့ရာ ပုဗ္ဗသီရိမြို့နယ်၊ ဇလုပ်ကြီးကျေးရွာနေ ကျော်စိုး(၄၅)နှစ်(ဘ)ဦးတင်မောင်ဖြစ်ပြီး ၎င်းထံမှဖြတ်တောက်ခိုးယူထားသော မြေအောက်ကေဘယ်မီးကြိုးဖြတ်စခွေ(၁၆)ခွေ၊ ဂေါ်ပြား(၁)လက်၊ ဓားမ(၁)ချောင်း၊ မီးကြိုးခွာရာတွင်အသုံးပြုသော အဝါရောင်လက်ညှစ်ဓား(၂)ချောင်း၊ ဓားဆံဘူး(၁)ဘူး၊ ဂက်စ်မီးခြစ်တစ်လုံး၊ လွယ်အိတ် (၁)လုံးတို့နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။

အထက်ပါဖြစ်စဉ်မှ ဖမ်းဆီးရမိတရားခံ ကျော်စိုးအား ဥပဒေနှင့်အညီထိရောက်စွာ အရေးယူနိုင်ရေးအမှုရေးဖွင့်ပြီး ဆက်စပ်ပြစ်မှုများကျူးလွန်ထားခြင်း ရှိ/မရှိ လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက်စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။