Skip to main content

မြို့နယ်အချို့တွင် စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ

နေပြည်တော် ဩဂုတ် ၁၉

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးပူးပေါင်းအဖွဲ့သည် ဩဂုတ် ၁၈ ရက် ည ၈ နာရီတွင် တာချီလိတ်မြို့နယ် လွယ်တော်ခမ်းကျေးရွာအုပ်စု လွယ်တော်ခမ်းကျေးရွာအနီးတွင် ဇော်မင်းအောင် မောင်းနှင်လာသည့် ဆိုင်ကယ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၂၀၀၀ ကိုလည်းကောင်း၊ အလားတူ ဩဂုတ် ၁၈ ရက် မွန်းလွဲ ၃ နာရီတွင် တာချီလိတ်မြို့နယ် မိုင်းဖုန်း (ခ) ကျေးရွာအုပ်စု ဝှေလေလန်ကျေးရွာအနီးတွင် မသင်္ကာဖွယ်တွေ့ရှိသူ အိုက်ရှဲန် (ခ) စိုင်းရှဲန်အား စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၂၀၀၀ ကိုလည်းကောင်း၊ ထို့ပြင် ပူးပေါင်းအဖွဲ့သည် ဩဂုတ် ၁၇ ရက် ည ၇ နာရီတွင် လွိုင်လင်မြို့ အမှတ် (၂) ရပ်ကွက်၌ စိုင်းမိုင်းခွန်း မောင်းနှင်လာသည့် FUSO ၁၂ ဘီး မော်တော်ယာဉ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ ထိန်းချုပ်ဓာတုပစ္စည်း Ammonium Nitrate ၂၉၅၀၀ ကီလိုကိုလည်းကောင်း သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိရသည်။

သတင်းစဉ်