ရန်ကုန် ဩဂုတ် ၁၉
မွန်ပြည်နယ် ဗုဒ္ဓကလျာဏယုဝအသင်းမှ အသင်းသူ အသင်းသားများက ဝါခေါင်လပြည့် မေတ္တာအခါတော်နေ့အထိမ်းအမှတ် သွေးလှူဒါန်းခြင်းကို ယနေ့နံနက်ပိုင်းက မော်လမြိုင်ပြည်သူ့ဆေးရုံကြီးနှင့် အမှတ် (၅) တပ်မတော်ဆေးရုံ ခုတင် (၃၀၀) တို့သို့ စုပေါင်းသွေးလှူဒါန်းကြသည်။
သွေးလှူဒါန်းပွဲသို့ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ မွန်ပြည်နယ် ဗုဒ္ဓကလျာဏယုဝအသင်းနာယက ဦးဇော်လင်းထွန်းနှင့် အသင်းဥက္ကဋ္ဌ ဦးကြည်သိန်း၊ ပြည်နယ်ကျန်းမာရေးဦးစီးဌာနနှင့် ပြည်နယ်ပြည်သူ့ဆေးရုံမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
အခမ်းအနားတွင် မွန်ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက သွေးလှူဒါန်းကြသည့် အသင်းသား အသင်းသူများအား လိုက်လံကြည့်ရှုအားပေးပြီး အာဟာရဖြစ်ဖွယ်အစားအစာများနှင့် ဂုဏ်ပြုလက်ဆောင်များ ပေးအပ်သည်။
အဆိုပါသွေးလှူဒါန်းပွဲသို့ မွန်ပြည်နယ် ဗုဒ္ဓကလျာဏယုဝအသင်း၊ ကျိုက်မရော၊ မော်လမြိုင်၊ ပေါင်မြို့နယ်တို့မှ အသင်းသား အသင်းသူဦးရေ ၁၀၀ ကျော်မှ သွေးလှူဒါန်းခဲ့ကြောင်း သိရသည်။
သတင်းစဉ်