Skip to main content

ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင် မကုဋာရာမ မြန်မာကျောင်းတိုက်ကြီး၏ နှစ်တစ်ရာပြည့်အထိမ်းအမှတ်ပွဲအခမ်းအနားသို့ တက်ရောက်ရန် သီရိလင်္ကာနိုင်ငံသို့ထွက်ခွာ

ရန်ကုန် သြဂုတ် ၁၈

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် သီရိလင်္ကာနိုင်ငံကိုလံဘိုမြို့၌ သြဂုတ် ၂ဝ ရက်မှ ၂၁ ရက်အထိကျင်းပမည့် မြန်မာဆရာတော်ကြီး ဘဒ္ဒန္တဝိနယာလင်္ကာရ တည်ထောင်တော်မူခဲ့သော မြန်မာ့ဂုဏ်ဆောင် မကုဋာရာမ မြန်မာကျောင်းတိုက်ကြီး၏ နှစ်တစ်ရာပြည့် အထိမ်းအမှတ်အခမ်းအနားနှင့် အခြားသာသနာရေးဆိုင်ရာ အခမ်းအနားများ တက်ရောက်ရန် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့မှ သီရိလင်္ကာနိုင်ငံကိုလံဘိုမြို့သို့ လေကြောင်းခရီးဖြင့်ထွက်ခွာရာ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနမှ တာဝန်ရှိသူများက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ပို့ဆောင်နှုတ်ဆက်ခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်